




၁၂. ၃.၂၀၂၅
Written by MMAK
လိုင်လီ Vs ဒေါ့မွန်
ပထမအကျော့ ဒေါ့မွန်ကွင်းမှာ သရေကစားနိုင်ခဲ့သလို လိုင်လီအသင်းရဲ့ ကစားပုံက ဒေါ့မွန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ် ။ ဒီပွဲစဥ်မှာ အဝေးကွင်းဒေါ့မွန်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံးဖြစ်ပါတယ် ။ ပထမအကျော့မှာ တစ်လုံးသရေလောက်ထိပေးခဲ့တဲ့ ဒေါ့မွန်အသင်းအနေနဲ့ အခုပွဲစဥ်မှာ သရေအရှုံးလောက်ထိ ပေးရမှာ ဖြစ်ပေမဲ့ ပြားနှစ်ဆယ်အရှုံးသာ ပေးထားနိုင်တဲ့ ဘော်ဒီကြေးက အနိုင်ရဖို့ မလွယ်ကူတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ် ။ ဂျာမာန်မြေမှာအနိုင်မရခဲ့တဲ့ ဒေါ့မွန်အသင်းအနေနဲ့ ပြင်သစ်မြေမှာ အနိုင်ရဖို့ သိပ်မလွယ်ပါဘူး ။ သို့ပေမဲ့ ဒေါ့မွန်အသင်းက ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတတ်သလို မထင်ရင်မထင်သလို ကြေးအောင်တတ်တဲ့အသင်းမျိုး ဖြစ်နေတာကြောင့် သတိထားစရာ အချက်ဖြစ်ပါတယ် ။ ပေါက်ကြေးအရဆိုရင် လိုင်လီအသင်းကို ရွေးချယ်ရမှာ ဖြစ်သလို အိမ်ကွင်းဖြစ်နေတဲ့အချက်ကြောင့်လည်း အိမ်ရှင်လိုင်လီကို ရွေးချယ်ချင်ပါတယ်။
အာဆင်နယ် Vs PSV
PSV ကွင်းမှာ ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ပြီဆိုတာ သေချာသလောက်ရှိပါတယ် ။ PSV အသင်းကလည်း ဂိုးပြတ်ကြီး ရှုံးထားတဲ့ဖြစ်တဲ့အတွက် အာဆင်နယ်ကွင်းမှာ သူတို့ တစ်ခုခုလုပ်ပြနိုင်ဖို့မလွယ်ဘူးဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေနိုင်ပါတယ် ။ အာဆင်နယ်အသင်းက နောက်သုံးရက်နေရင် ချဲလ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲစဥ်မှာ အရန်ကစားသမားအချို့ကို ပွဲထုတ်လာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက တစ်လုံးသုံးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ် ။ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံး သုံးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးဟာ တစ်ဂိုးတော့ အနိုင်ရသွားနိုင်ပြီး ပြားသုံးဆယ်နဲ့ အပြည့်နဲ့ရင်းရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ် ။ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ အာဆင်နယ်အသင်း နှစ်ဂိုးပြတ်အနိုင်ရအောင် မကန်ဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ် ။ PSV အသင်းကလည်း အာဆင်နယ်ခံစစ်ကို ဂိုးရဖို့သိပ်မလွယ်သလို အာဆင်နယ်အသင်းကလည်း သရေကျရင်တောင် နောက်တစ်ဆင့်တက်သွားနိုင်တဲ့ အခြေအနေမှာ ဘော်ဒီကြေးထက် ဂိုးပေါင်းအောက်ကို ပိုကြိုက်ပါတယ် ။
အသလက်တီကို မက်ဒရစ် Vs ရီးရဲမက်ဒရစ်
ပထမအကျော့မှာ ရီးရဲအသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရထားပြီး ကျဥ်းမြောင်းတဲ့ ရလဒ်မျိုးဖြစ်တာကြောင့် မက်ဒရစ်ဒါဘီပွဲဟာ သေချာပေါက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ ။ ဒီပွဲစဥ်မှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ် ။ ရီရဲမက်ဒရစ်အသင်းက ချန်ပီယံလိဂ်မှာ ဆရာတစ်ဆူလိုဖြစ်နေတာကြောင့် တီကိုအသင်းထက် ယုံကြည်မှု ပိုကောင်းနေတာကို တွေ့ရမှာ ဖြစ်သလို တီကိုအသင်းကလည်း ဒါဘီပြိုင်ဘက်ရီးရဲအသင်းကို ရေကုန်ရေခမ်း ကစားမယ်ဆိုတဲ့ အသင်းမျိုး ဖြစ်ပါတယ် ။ ရီးရဲအသင်းက သရေကျရင်တောင် နောက်တစ်ဆင့်တက်မှာ ဖြစ်ပေမဲ့ တီကိုအသင်းကတော့ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရမှ သရေကျမှာ ဖြစ်ပါတယ် ။ တီကိုအိမ်ကွင်းမှာတော့ ရီးရဲအသင်း ထပ်နိုင်ဖို့မလွယ်ဘူးလို့ ယူဆထားပြီး ပထမအကျော့မှာ ရှုံးနိမ့်ထားတဲ့ တီကိုအသင်းရဲ့ ရုန်းအားကို ပိုသဘောကျပါတယ် ။ လာလီဂါကလပ်အသင်းတွေ ဖြစ်သလို မက်ဒရစ်ဒါဘီပွဲစဥ်မှာ အိမ်ရှင်ဖြစ်တဲ့ အသလက်တီကိုမက်ဒရစ်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။
အက်စတွန်ဗီလာ Vs ကလပ်ဘရုဂ်
ပထမအကျော့မှာ ဗီလာအသင်းက သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရထားတာကြောင့် ဗီလာအသင်းပဲ နောက်တစ်ဆင့်တက်ဖို့များပါတယ် ။ သို့ပေမဲ့ ပြတ်သားတဲ့ အနိုင်ရလဒ်မျိုး မဟုတ်တာကြောင့် ဗီလာအသင်းအနေနဲ့ အိမ်ကွင်းမှာ အားထည့်ကစားဖို့ လိုနေပါတယ် ။ ဗီလာအသင်းက နောက်နှစ်ပတ်လောက်ထိ ပွဲကစားဖို့မလိုတာကြောင့် ဒီပွဲစဥ်မှာ လူစုံထုတ်ပြီး အားထည့်ကစားလာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ် ။ အဝေးကွင်းမှာ အနိုင်ရခဲ့သလို အိမ်ကွင်းမှာ လူစုံထုတ်ပြီး အားထည့်ကစားလာမဲ့ ဗီလာအသင်းကို ကလပ်ဘရုဂ်အသင်း ယှဥ်ကစားနိုင်ဖို့မလွယ်ပါဘူး ။ အဓိကအချက်ကတော့ ဗီလာနည်းပြ အမ်မရီရဲ့ ဥရောပအတွေ့အကြုံကို သဘောကျသလို အိမ်ရှင်ဗီလာအသင်း ထပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ သို့ပေမဲ့ တိုက်စစ်ဖွင့်ကစားလာမဲ့ ကလပ်ဘရုဂ်အသင်းကြောင့် ဗီလာအသင်းလည်း တိုက်စစ်ဖွင့်ကစားလာနိုင်ပြီး နှစ်သင်းလုံး ဂိုးရမယ် ထင်တဲ့အတွက် ဂိုးပေါ်ကို ပိုကြိုက်ပါတယ် ။ ဒီပွဲမှာ ကလပ်ဘရုဂ်အသင်း ဂိုးရမယ်လို့ ထင်သလို ဗီလာအသင်းလည်း ဂိုးရမှာ ဖြစ်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။