
၁၂.၃.၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာ- ဝမ်းတွင်းလမ်းပေါ်မှာ ၂၂ ဘီး ကရိန်းယာဉ်တစ်စီး မောင်းနှင်လာစဉ် အင်ဂျင်အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မနေ့က မတ်လ ၁၁ ရက်နေ့ ည ၉ နာရီ မိနစ် ၄၀ ခန့်မှာ ဖြစ်ပွားခဲ့ပြီး မိတ္ထီလာ၊ သပြေဝတိုးဂိတ်အကျော် စက်မှုဇုန်အနီးမှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မီးလောင်မှု ဖြစ်စဉ်အတွင်း ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အန္တရာယ်ကင်းခဲ့ပြီး သက်ဆိုင်ရာနဲ့ ပူးပေါင်းဖြေရှင်းနေတယ်လို့လည်း သိရပါတယ်။ အဆိုပါ ၂၂ ဘီး ကရိန်းယာဉ်မှာ အင်ဂျင်ခန်းကနေ စတင် မီးလောင်ကျွမ်းခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
စက်မှုဇုန်ရုံးအဖွဲ့ မှ တာဝန်ရှိသူက “ကျွန်တော်တို့ကို တိုးဂိတ်က ဖုန်းလှမ်းဆက်လို့ သိရတော့ ရှိတဲ့လူနဲ့ ရေသယ်ယာဉ်တစ်စီးနဲ့ အရင်ထွက်လိုက်တယ်။ ရောက်တော့ မီးများတာနဲ့ ကျွန်တော်တို့အရန်တပ်ဖွဲ့တွေ မနိုင်လို့ ရှော်ပင်မီးသတ်စခန်းနဲ့ ဝမ်းတွင်း မီးသတ်စခန်းကို အကြောင်းကြားပြီးပူးပေါင်းကူညီငြိမ်းသတ်ပေးခဲ့ပါတယ်” လို့ မြေပြင်အခြေအနေကို ပြောပြပါတယ်။
မီးလောင်မှုဖြစ်စဉ်အတွင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
စက်မှုဇုန်ရုံးအဖွဲ့၊ မိတ္ထီလာမြို့အောင်မြေသာစည်ကျောင်းတိုက်၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မျိုးဆက်သစ်မြတ်ပါရမီအသင်းတို့က
ပူးပေါင်းဆောင်ရွက် ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။