




၁၁.၃. ၂၀၂၅
Written by MMAK
ဘာစီလိုနာ Vs ဘင်ဖီကာ
ပထမအကျော့မှာ တစ်ယောက်လျော့နေတဲ့ ဘာစီလိုနာအသင်းက ဂိုးသမားဆက်ဇနီရဲ့ လက်စွမ်းပြမှုနဲ့အတူ အနိုင်ရထားပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘာစီလိုနာအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ပထမအကျော့မှာ အနိုင်ရထားတဲ့ ဘာစီိလိုနာအသင်းအနေနဲ့ သရေကျရင်တောင် နောက်တစ်ဆင့်တက်နေပြီဖြစ်တဲ့အတွက် ဒီပွဲမှာ ဂိုးတွေအများကြီး ထပ်သွင်းပြီး အနိုင်ရစရာမလိုပါဘူး။ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကလည်း ခြေစွမ်းကောင်းတဲ့ အသင်းမျိုးဖြစ်သလို တစ်ဂိုးပြန်ရမှ သရေကျမှာ ဖြစ်တဲ့အတွက် ဘင်ဖီကာအသင်း တစ်ဂိုးတော့ ပြန်ရမယ်လို့ထင်ပါတယ်။ ဘင်ဖီကာအသင်းသာ တစ်ဂိုးရသွားရင် သုံးဂိုးသွင်းမှ ကြေးအောင်မဲ့ ဘာစီလိုနာအသင်းကို မကြိုက်ပါဘူး။ သရေကျလို့ရသလို တစ်ဂိုးနဲ့ ကပ်နိုင်ရင်တောင် နောက်တစ်ဆင့်တက်မဲ့ ဘာစီလိုနာအသင်းကို ငြင်းပယ်ရမှာဖြစ်ပြီး အောက်အသင်းဖြစ်တဲ့ ဘင်ဖီကာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
လီဗာပူး Vs PSG
ပထမအကျော့မှာ PSG အသင်းရဲ့ ကစားပုံက တော်တော်လေး ကောင်းခဲ့ပြီး လီဗာပူးအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ပွဲပြီးကာနီးမှ တန်ပြန်တိုက်စစ်ကနေ လီဗာပူးအသင်း ဂိုးရသွားပြီး အနိုင်ရသွားပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်လီဗာပူးအသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ပြားလေးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက အရမ်းကိုပျော့နေတာကို တွေ့ရပြီး ပထမအကျော့က လီဗာပူးအသင်းကို ဘာမှလုပ်မရအောင် ကစားပြခဲ့တဲ့ PSG အသင်းကြောင့် ဒီကြေးဖြစ်နေတယ် ထင်ပါတယ်။ PSG အသင်းက တစ်ဂိုးပြန်ရမှ သရေကျမှာဖြစ်သလို ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ပေါက်ကြေးမှာ PSG အသင်း ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ပထမအကျော့မှာ ပြောခဲ့သလို အင်းနရစ်ရဲ့ PSG အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရဖို့ အကောင်းဆုံးခြေစွမ်းနဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ဒီပွဲစဥ်မှာ ကြေးပျော့နေတဲ့ လီဗာပူးအသင်းကို မကြိုက်ပါဘူး။ သရေကျရင်တောင် လီဗာပူးအသင်းက နောက်တစ်ဆင့်တက်မှာ ဖြစ်သလို သရေကျရင် ပြားစားရမဲ့ အောက်အသင်း PSG ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
လေဗာကူဆင် Vs ဘိုင်ယန်မြူးနစ်
ပထမအကျော့မှာ တစ်ယောက်လျော့နေတဲ့ လေဗာကူဆင်အသင်းကို ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုးပြတ်အနိုင်ရထားပါတယ်။ ဒီပွဲစဥ်မှာ အဝေးကွင်းကစားရမဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ သုံးဂိုးပြတ်နိုင်ထားတဲ့ ဘိုင်ယန်အသင်းက ကြေးကြောပြန်ပေးထားတာဟာ စဥ်စားစရာဖြစ်ပြီး ဘွန်ဒက်လီဂါကလပ်အချင်းချင်း အကြောင်းသိတွေဖြစ်သလို လေဗာကူဆင်အသင်းမှာ အဓိကစားသမားအချို့ မပါနိုင်တာကြောင့် ကြေးကြောပြန်ပေးထားတယ် ထင်ပါတယ်။ ဘယ်လိုနေနေ သုံးဂိုးပြတ်အနိုင်ရမှ သရေကျမှာ ဖြစ်တဲ့ လေဗာကူဆင်အသင်းအနေနဲ့ တိုက်စစ်ဖွင့်ကစားရမှာဖြစ်သလို ကြေးကြောပြန်ပေးလာတဲ့ ဘိုင်ယန်အသင်းကလည်း ဂိုးရမယ် ထင်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဆိုတဲ့ပေါက်ကြေးက အနည်းငယ်ပျော့နေပေမဲ့ ဂိုးပေါ်ကြိုက်ပါတယ်။ သုံးဂိုးပြတ်ရှုံးထားတဲ့ အိမ်ရှင်လေဗာကူဆင်အသင်းက တိုက်စစ်ဖွင့်ကစားလာမှာ ဖြစ်တာကြောင့် သေချာပေါက် ဂိုးရနိုင်တဲ့အတွက် အောက်အသင်းဖြစ်တဲ့ လေဗာကူဆင်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။
အင်တာမီလန် Vs ဖီယင်နု
ဖီယင်နုအသင်းက အင်တာမီလန်အသင်းအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ပထမအကျော့မှာကတည်းက နှစ်ဂိုးပြတ်အနိုင်နဲ့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အင်တာမီလန်အသင်းက တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ ပထမအကျော့မှာ တစ်လုံးသရေပေးပြီး နှစ်ဂိုးပြတ်အနိုင်ရခဲ့သလို အခုအိမ်ကွင်းပွဲမှာ ပေးထားတဲ့ တစ်လုံးအရှုံးဆိုတဲ့ပေါက်ကြေးကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ခံစစ်ကောင်းတဲ့ အင်တာအသင်းကို ဖီယင်နုအသင်း ဂိုးရဖို့မလွယ်ဘဲ ဖီယင်နုအသင်းက တိုက်စစ်ဖွင့်ကစားလေ အင်တာမီလန်အသင်းက ဂိုးပိုရလေ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ခံစစ်ကောင်းသလို တိုက်စစ်လည်းကောင်းတဲ့ အင်တာမီလန်အသင်း ထပ်နိုင်သွားဖို့ များပါတယ်။ တစ်ဂိုးနဲ့ကပ်နိုင်သွားရင် ကြေးရှုံးမှာဖြစ်ပေမဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် နှစ်ဂိုးသွင်းနိုင်ပါတယ်။ ဖီယင်နုအသင်း ဂိုးရဖို့မလွယ်ဘူးလို့ သုံးသပ်ထားတာကြောင့် အင်တာမီလန်ဘော်ဒီကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။