၁၈. ၁. ၂၀၂၃
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံမြို့တော် ကီးအက်ဗ်မြို့အပြင်ဘက်ရှိ ဘရိုဗာရီမြို့မှ သူငယ်တန်းကျောင်းတစ်ကျောင်းအနီးသို ယူကရိန်းရဟတ်ယာဉ်တစ်စီး ဇန်နဝါရီ ၁၈ ရက် နံနက်က ပျက်ကျခဲ့ရာတွင် ယူကရိန်းပြည်ထဲရေးဝန်ကြီးအပါအဝင် လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ယနေ့တွင် အတည်ပြုပြောကြားခဲ့ကြသည်။
ရဟတ်ယာဉ်သည် ဘရိုဗာရီမြို့အတွင်း အဆောက်အအုံတစ်ခုအပေါ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၆ ဦးတွင် ကလေးနှစ်ဦးပါဝင်ကာ ကိုးဦးမှာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူများဟု သိရသည်။ သေဆုံးသူများတွင် ယူကရိန်းအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး ဒီနိစ် မိုနာစတာစကီး (Denys Monastyrskyy) အပါအဝင် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သွားကြကြောင်း တာဝန်ရှိသူများကပြောခဲ့သည်။
ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးကိုလည်းဆေးရုံသို့တင်ပို့ထားရရာ ၁၀ ဦးမှာ ကလေးများဖြစ်ကြသည်။ ရဟတ်ယာဉ်ပျက်ကျစဉ်က သူငယ်တန်းကျောင်းတွင် ကလေးများနှင့် ကျောင်းအလုပ်သမားများရှိနေခဲ့ကြကြောင်းလည်းသိရသည်။
Ref—-DW