
၁၀.၃.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ စမွတ်စခွန်မြို့နယ်၊ အမှတ် (၇)၊ ထာ့ဆိုင်ကျေးရွာရှိ ထိုင်းယူနစ်ဈေးအတွင်း တရားမဝင် ဈေးရောင်းချသည့် မြန်မာနိုင်ငံသား ၇ ဦးကို ယမန်နေ့ မတ်လ ၉ ရက်တွင် စမွတ်စခွန်ခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။




ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စမွတ်စခွန်မြို့နယ်၊ အမှတ် (၇)၊ ထာ့ဆိုင်ကျေးရွာရှိ ထိုင်းယူနစ်ဈေးကိုဝင်ရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း အဖမ်းခံရခြင်းဖြစ်ကြောင်း စမွတ်စခွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ရေးသားချက်အရ သိရသည်။
အဆိုပါ ဈေးအတွင်း တရားမဝင် ဖွင့်လှစ်ရောင်းချနေသည့် မြန်မာဈေးဆိုင်များကို တွေ့ရှိရကြောင်း၊ ဈေးအတွင်း တွေ့ရသည့်အရောင်းဆိုင်များမှာ ဖိနပ်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဝက်သားတုတ်ထိုးဆိုင်တို့ ဖြစ်ကြောင်း သိရသည်။





လက်ရှိတွင် တာဝန်ရှိသူများက ယင်းမြန်မာနိုင်ငံသားများ တရားမဝင်ရောင်းချသော ပစ္စည်းများကို သိမ်းဆည်း၍ ရောင်းချနေသူ (၇)ဦးကို စမွတ်စခွန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူထားကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။