၁၈. ၁. ၂၀၂၃
ရိုက်ကူးတင်ဆက် – ပောမာ ၊ သန္တာ
ဘဝကို အရောင်အစုံနဲ့ ထုဆစ်ပုံဖော်ချင်တဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် … ၊ လက်ချောင်းလေးတွေ မြဲမြဲဆုပ်ကိုင်နိုင်တဲ့ ကလေးဘဝ အရွယ်ကတည်းက သူ့လက်ထဲမှာမလွတ်တမ်းရှိနေတတ်တာက Colour Wax Pencil လို့ခေါ်တဲ့ ဖယောင်းခဲလေးတွေ….
သည်လို အာသီသပြင်းပြခဲ့တဲ့ ကလေးငယ်လေးက သူ့ အသက် ၁၄ နှစ်မှာ Genius SHN ဆိုတဲ့ နာမည်နဲ့ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲကို ပန်းချီကားပေါင်း ၇၄ ကားနဲ့ ကျင်းပ ပြုလုပ်နေပါပြီ။
ဒီလိုမျိုး ကမ္ဘာ့အလယ်မှာ မြန်မာ့မော်ဒန်ပန်းချီဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ စွမ်းထက်နိုင်ကို ဘယ်လိုပျိုးထောင်ခဲ့သလဲ။ သူ့ရဲ့ ပန်းချီတွေအပေါ် ဘယ်လိုမျိုး သုံးသပ်ကြသလဲ။ စွမ်းထက်နိုင်ကိုယ်တိုင်ကရော ဘာတွေ ဆက်လုပ်ချင်နေသလဲဆိုတာကို MT News ရဲ့ ဒီရုပ်သံလေးမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။