
၈.၃.၂၀၂၅
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရဲ့ စကားဘိုရပ်ဖ်ရပ်ကွက်မှာ မတ်လ ၇ ရက်ညက လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ပစ်ခတ်မှုက ည ၁၀ နာရီခွဲလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက ပစ်ခတ်မှုဖြစ်ရတာရဲ့ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေနဲ့ အသုံးပြုလက်နက်တွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။

ပစ်ခတ်မှုက စကားဘိုရပ်ဖ်ရပ်ကွက်အတွင်း Progress Avenue လမ်းအနီးမှာ ဖြစ်ခဲ့တာဖြစ်ပြီး လူတချို့က အရက်ဆိုင်တစ်ခုအတွင်း ပစ်ခတ်မှုတွေပြုခဲ့ကြတယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေတွေကိုလည်း အတိအကျမသိရသေးပါဘူး။
အရေးပေါ်လုံခြုံရေးအဖွဲ့တွေက ထိုနေရာကို အမြန်ရောက်လာကြပြီး ဒဏ်ရာရသူတွေကို အကူအညီပေးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ပစ်ခတ်သူသေနတ်သမားအင်အား အတော်များတယ်လို့ ပြောခဲ့ပြီး တစ်ဦးချင်းကို နောက်ယောင်ခံရှာဖွေနေပါတယ်။ ဒီပြင် ပစ်ခတ်သူတွေရဲ့ အသေးစိတ်အချက်တွေ ဒါမှမဟုတ် ဒဏ်ရာရသူတွေနဲ့ ဘယ်လိုဖြစ်နိုင်ဖွယ်ဆက်စပ်လဲဆိုတာ မသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားရာနယ်မြေအတွင်းနေထိုင်သူတွေကိုတော့ သတိဝိရိယရှိကြဖို့နဲ့ မသင်္ကာဖွယ်လှုပ်ရှားမှုတွေ တွေ့ရင် အကြောင်းကြားကြဖို့ လုံခြုံရေးတပ်ဖွဲ့တွေက နှိုးဆော်ထားပါတယ်။
Ref- Hindustan Times