နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိနိုင်ငံသားများအတွက် ကောင်းမည်ထင်သည့်အရာများ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်း SAC ဥက္ကဋ္ဌကို ဘီလာရုစ်သမ္မတ အကြံပြု
SAC ဥက္ကဋ္ဌက ဘီလာရုစ်သမ္မတကို မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ခေါ်၊ ဘီလာရုစ်သမ္မတက မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကတိပြု

MT News
၈.၃. ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘီလာရုစ်သမ္မတနိုင်ငံသမ္မတတို့မှ မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များအပြန်အလှန်ပြောကြား

ဘီလာရုစ်သမ္မတနိုင်ငံသမ္မတ
လေးစားအပ်ပါသော အဆွေတော် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်လာကြသော ဧည်သည်တော်များခင်ဗျာ။ ကျွန်တော် ဒီနေ့ နှစ်နိုင်ငံတွေဆုံမှုနှင့် ပတ်သက်ပြီးတော့ စီးပွားရေး အခန်းကဏ္ဍ၊ အခြားကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့ များစွာဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံပွဲမှာဆိုရင်တော့ ကျွန်တော်တို့ စီးပွားရေးနှင့်ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို တိတိကျကျဆွေးနွေးခဲ့တာရှိပါတယ်။ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အခန်းကဏ္ဍရပ်များနှင့် ပတ်သက်လို့လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခန်းကဏ္ဍများနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာရှိပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် ဒီနေ့ နှစ်နိုင်ငံကျွန်တော်တို့ မဟာဗျူဟာကျကျ အစီအစဉ်ရေးဆွဲဖို့လည်း သဘောတူညီမူရခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာထွက်ရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေက ကမ္ဘာမှာ စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်ပြီးတော့ အထောက်အကူပြုနိုင်ဖို့အတွက် ကျွန်တော်တို့ ဘက်ကလည်း နည်းပညာနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေမှာ စိုက်ပျိုးရေး အခန်းကဏ္ဍ၊ ဆေးဝါးအခန်းကဏ္ဍနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးအခန်းကဏ္ဍများနှင့် ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မနေ့က Business Forum မှာ အဆိုပါကိစ္စရပ်နဲ့ အဆိုပါ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ နှစ်ဦးနှစ်ဘက် တာဝန်ရှိသူတွေကလည်း တိတိကျကျ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေနှင့်ပတ်သက်လို့ ဒီကဏ္ဍတွေနဲ့ ပတ်သက်လို့လည်း ဘီလာရုစ်နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး မြင့်မားတဲ့နည်းပညာတွေလည်းရှိပါတယ်။ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာကော်မရှင်ကိုလည်း ပြန်လည်ပြီးတော့ အစည်းအဝေးလုပ်နိုင်ဖို့လည်း ကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံသိပ္ပံနှင့် နည်းပညာ အခန်းကဏ္ဍများနဲ့ပတ်သက်လို့လည်း ကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို မြှင့်တင်ဖို့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေ လာရောက် ပညာသင်ကြားတဲ့အချိန်မှာ အစစအရာရာအဆင်ပြေဖို့ ဘီလာရုစ်နိုင်ငံကလည်း တတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ယခုနှစ်မှာ မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံး ကလေးသူငယ်တွေပါဝင်တဲ့ Group တစ်ခုကို ဘီလာရုစ်နိုင်ငံ ဆူးပရူးနော့ အပန်းပြေစခန်းကို လာရောက်ဖို့အတွက်လည်း ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာမီအချိန်အတွင်းမှာ ဘီလာရုစ်နိုင်ငံက ဝန်ကြီးများ၊ တာဝန်ရှိတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်များက မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့လည်း ကျွန်တော်တို့ Specialists တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘီလာရုစ်နိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ ဒီလိုမျိုးခရီးစဉ်တွေ အပြန်အလှန်သွားရောက်ပြီးတော့ တစ်နိုင်ငံလုံးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရနိုင်တဲ့ အခွင့်အလမ်းတွေကိုလေ့လာပြီး အကောင်အထည် ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော်နဲ့ အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ယောက်တည်း ထိုင်တဲ့အချိန်မှာလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အချက်တွေရှိပါတယ်။ ကျွန်တော်မြင်တာကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ပိတ်ပင်တားဆီးထားတဲ့ ဒီအချက်တွေမရှိပါဘူး။ အားလုံးက အမြဲတမ်း နှစ်ဦးနှစ်ဖက်လုံး တံခါးဖွင့်ပြီးတော့ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးနဲ့ စီးပွားရေးအခန်းကဏ္ဍကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘီလာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ ယခုဒီနေ့ ဆွေးနွေးမှုမှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ အများကြီးရှိသလို မနေ့က Business ဖိုရမ်မှာလည်း ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေလည်းရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ပတ်သက်ပြီးတော့ နားလည်မှုစာချွန်လွှာတွေ၊ စာချုပ်တွေကိုလည်း အမြန်ဆုံးချုပ်ဆိုနိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယခု ခရီးစဉ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားတဲ့အတွက်ရော စိတ်ဆန္ဒရှိတဲ့အတိုင်း အားလုံးကို ပွင့်ပွင့်လင်းလင်းပြောသွားတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော်ကို ထပ်လောင်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အဲဒါကတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကိုဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာမီအချိန်အတွင်းမှာ အဆွေတော်နဲ့ကျွန်တော် အဆွေတော်ရဲ့ နိုင်ငံမှာ တွေ့ဆုံနိုင်လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက်က ဒီလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အကောင်းဆုံးနဲ့ ပံ့ပိုးမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့လုပ်ငန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုး ဒီနေ့တွေ့ဆုံပွဲမှာ အချိန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အမြဲတမ်းအဆွေတော်ကို ဝမ်းပန်းတသာ ကြိုဆိုနေကြောင်းလည်း ပြောကြားလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဒီအခမ်းအနားကို ကြွရောက်လာကြတဲ့ ဘီလာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko, နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်များကိုလည်း ကျွန်တော့်ရဲ့ ဒုတိယခရီးစဉ်မှာ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီအတွက်လည်း အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီလို ဘီလာရုစ်-မြန်မာချစ်ကြည်ရေးပို မိုတိုးတက်ခိုင်မာစေဖို့၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့၊ အထူးအားပေးဆောင်ရွက်ခဲ့တဲ့ အဆွေတော် သမ္မတကြီးနှင့် တာဝန်ရှိသူများ၊ ဘီလာရုစ်ပြည်သူများ၊ ပြည်သားများ အားလုံးယခုထက်ပိုမိုအင်အားတောင့်တင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်။ ဒီနေ့ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တဲ့အတိုင်းပဲ နှစ်နိုင်ငံစီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး သိပ္ပံနဲ့နည်းပညာ၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆက်ဆံရေးကိုလည်း ဆက်လက် မြှင့်တင် ဆောင်ရွက်သွားပါမယ်။ အစိုးရအချင်းချင်း ဆက်ဆံရေးသာမက ပြည်သူချင်း ဆက်ဆံရေးကိုလည်း တိုးချဲ့ဆောင်ရွက်သွားပါမယ်။ ဒီနှစ်နိုင်ငံ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူများသာမက တက်ရောက်နေကြတဲ့ မီဒီယာများရဲ့ကဏ္ဍကလည်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒါကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အရှေ့တောင်အာရှထဲမှာ ကုန်းတွင်းနိုင်ငံထဲမှာ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံကြားမှာ ဆက်စပ်ပြီးတည်ရှိနေတဲ့နိုင်ငံဖြစ်သလို အရှေ့တောင်အာရှနဲ့ တောင်အာရှ အကြားမှာလည်း ပေါင်းကူးတံတား သဖွယ်ရှိနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့လမ်းပန်းဆက်သွယ်ရေးအတွက်ကောင်းမွန်တဲ့ ရေ၊ မြေ၊ ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာမှာဆန်တင်ပို့မှု အဓိကတင်ပို့တဲ့ ထိပ်တန်းနိုင်ငံထဲမှာပါသလို ကမ္ဘာမှာ ပဲတင်ပို့မှုမှာ ဒုတိယအမြင့်ဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ဖို့လည်း မြေပမာဏများစွာ ကျယ်ဝန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနဲ့လုံခြုံရေးအတွက်ပံ့ပိုးနိုင်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဘီလာရုစ်နိုင်ငံရဲ့ ခေတ်မီတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းစနစ်တွေ၊ ယန္တယားတွေ၊ အထောက်အကူပြုစနစ်တွေနဲ့ လက်တွေ့ ပေါင်းစပ်ကျင့်သုံးသွားမယ်ဆိုရင် မြန်မာနိုင်ငံအတွက်သာမက နှစ်ဖက်စလုံးမှာ အကျိုးရှိတဲ့ရလဒ်တွေ ခံစားရမယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်။ မိုင်ပေါင်း ၁၃၀၀ ကျော်လောက်ရှည်တဲ့ ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်မှာလည်း အဓိကကျတဲ့ ရေနက်ဆိပ်ကမ်းတွေလည်း ကျွန်တော်တို့ ရှိပါတယ်။ အထူးသဖြင့် ထားဝယ်၊ သီလဝါနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း သုံးခုတို့မှာလည်း ရင်းနှီးမြှုပ်နှံဖို့ အတွက် အခွင့်အလမ်းကောင်းတွေရှိတဲ့အကြောင်း ပြောလိုပါတယ်။ ဒါကြောင့် ဘီလာရုစ်နိုင်ငံက နယ်ပယ်ကဏ္ဍစုံနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံဟာ နိုင်ငံချင်းဆက်ဆံရေးသာမကဘဲ နိုင်ငံတကာမျက်နှာစာမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်သွားပါမယ်။ နိုင်ငံတကာမျက်နှာစာမှာ ဘီလာရုစ်နိုင်ငံ၊ ဘီလာရုစ်ပြည်သူတွေက ကျွန်တော်တို့နိုင်ငံအပေါ်မှာလည်း ရပ်တည်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်းပြောလိုပါတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခု က စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနဲ့ ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့များကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဒီမှာတစ်ဆက်တည်းမှာပဲ အဆွေတော်သမ္မကြီးရဲ့ ဘီလာရုစ်နိုင်ငံအပေါ်မှာ အစစအရာရာဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှုများအတွက်လည်း အထူးပဲဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ အဆွေတော်ရဲ့ဦးဆောင်မှုနဲ့ ဘီလာရုစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်မယ်လို့လည်း ကျွန်တော် ယုံကြည်ထားပါတယ်။ အဆွေတော်သမ္မတကြီးကို မြန်မာနိုင်ငံမှာလည်း ထပ်မံတွေ့ဆုံဖို့လည်း ကျွန်တော် အပြည့်အဝ မျှော်လင့်ထားပါတယ်။ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်အားလုံး ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်စုံစုံအောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတ
ကျွန်တော့်အနေနဲ့ အခုလိုမျိုးဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုလည်း လာရောက်မှာဖြစ်ပါတယ်။ အဆွေတော် အဆိုပြုသွားတဲ့ အတိုင်းပဲ ရွေးကောက်ပွဲမှာလည်း လေ့လာရေးစောင့်ကြည့်သူတွေကို ကျွန်တော်တို့ လွှတ်ပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုလေး အကြံပြုလိုတာကတော့ အဆွေတော်ကို အကြံပြုစရာလေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အဆွေတော်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိနိုင်ငံသားတွေအတွက် အဆွေတော်အနေနဲ့ ကောင်းမယ်ထင်တဲ့အရာဆိုရင် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက် ကျွန်တော် အကြံပြုလိုပါတယ်။ အဆွေတော်အနေနဲ့ အကောင်အထည်ဖော်တဲ့အချိန်မှာ တချို့လူတွေကတော့ မကြိုက်တဲ့လူတွေကတော့ ရှိကောင်း ရှိမှာပါ။ Sanctions တွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာရော အဆွေတော်မှာရော ရှိနေတဲ့ Sanctions တွေကလည်း ထပ်ပြီးတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ Sanctions ဆိုတာက အခွင့်အလမ်းကောင်းလို့ ကျွန်တော် သတ်မှတ်ပါတယ်။ ဒီလိုမျိုး Sanctions ချထားတဲ့အချိန်မှာ အခွင့်အလမ်း ကောင်းလို့ သတ်မှတ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပြီးတော့ ပိုမိုစည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်မှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး ဘီလာရုစ်နိုင်ငံကိုလာရောက်တဲ့အတွက် ကျေးဇူး တင်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
Sanctions လုပ်တယ်ဆိုလို့ရှိရင် Sanctions လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက အတိုက်အခိုက်ခံရတဲ့ သဘောတွေရှိပါတယ်၊ အင်အား စုစည်းမှုကို ပိုမိုရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ် ဆိုတာကိုလည်း သတိပြုစေလိုပါတယ်။ သူတို့ဖြစ်တဲ့အရာတစ်ခုကို Sanctions လုပ်ပြီးတော့ ဖိအားပေးတယ်ဆိုတာမျိုးက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခသာ ပိုမိုကြီးမားလာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ဒါကို ရင်ဆိုင်ကျော်လွှားသွားပါမယ်။ အဆွေတော်တို့နဲ့ ပူးပေါင်းဆောင် ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောလိုပါတယ်။