၁၈. ၁. ၂၀၂၃
Written by Pan Ei
ဂရမ်မီဆုရ အဆိုတော် ရက်ပ်ပါ ကာဒီဘီဟာ ၂၀၁၈ ခုနှစ်က ကလပ်တစ်ခုမှာ ရန်ပွဲစတင်မှုအတွက် လာမယ့် မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူထုဝန်ဆောင်မှုတွေကို ပြီးမြောက်အောင် ဆောင်ရွက်ရမယ်လို့ နယူးယောက်မြို့က တရားသူကြီးတွေက အင်္ဂါနေ့ (ဇန်နဝါရီလ ၁၇ ရက်)က အမိန့်ချမှတ်လိုက်ပါတယ်။
အမည်ရင်း Belcalis Almanzar ဖြစ်တဲ့ ကာဒီဘီဟာ ၂၀၁၈ ခုနှစ်က ကလပ်တစ်ခုမှာ သူမရဲ့ခင်ပွန်း ရက်ပ်ပါ အော့ဖ်ဆက်နဲ့ ဆက်ဆံရေးရှိနေတယ်လို့စွပ်စွဲကာ အမျိုးသမီးဝန်ထမ်းနှစ်ဦးနဲ့ စကားများရန်ဖြစ်ခဲ့ပြီး မနှစ်ကတော့ ထိုရာဇဝတ်မှု စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ရက်ပ်ပါ ကာဒီဘီဟာ အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ တရားရုံးကို ရှေ့နေ့နဲ့အတူ လာရောက်ခဲ့ခြင်းဖြစ်ပြီး သူမရဲ့ ရှေ့နေဖြစ်သူက “ကာဒီဘီဟာ ရပ်ရွာလုပ်ငန်းဆောင်တာတွေနဲ့ ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ဖို့ ရည်စူးပြီးသားမို့လို့ နယူးယောက်မြို့ ကွင်းစ်ခရိုင်မှာ လူထုဝန်ဆောင်မှုတွေ ပြုလုပ်ဖို့ ချမှတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ကို တန်ဖိုးထား လေးစားပါတယ်လို့” ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“ကြီးပြင်းလာခြင်းနဲ့ ရင့်ကျက်လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက မင်းရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူခြင်းဖြစ်တယ်” လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ တရားရုံးမှ သူမရဲ့အမှုတွေကို ကြားနာပြီးတဲ့နောက်မှာ ကာဒီဘီက ပြောကြားခဲ့ဖူးပါတယ်။
Ref; Reuters