
၇.၃.၂၀၂၅
Written by သီရိ
၂၀၁၉-၂၀၂၀ ပညာသင်နှစ်က အကြောင်းအမျိုမျိုးကြောင့် ရပ်နားထားတဲ့ မော်မြိုင်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတွေကို ပြင်ပဖြေဆိုအဖြစ် ပြန်လည်လက်ခံမယ်လို့ နည်းပညာတက္ကသိုလ် (မော်လမြိုင်)က ထုတ်ပြန်ကြေညာထားပါတယ်။
ကြေညာချက်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ရပ်နားထားတဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတွေကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ခြွင်းချက်အနေနဲ့ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအဖြစ် (၁) ကြိမ်သာ လက်ခံဆောင်ရွက်ပေးမယ်လို့ ပါရှိပါတယ်။
တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းသား၊ ကျောင်းသူရဲ့ ကျောင်းရပ်နားထားရတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ပါရှိတဲ့ အသနားခံစာ၊ ရပ်ကွက်/မြို့နယ် ထောက်ခံစာ၊
ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာနဲ့ နည်းပညာတက္ကသိုလ် (မော်လမြိုင်) သင်တန်းရေးရာဌာနမှာ လာရောက်ဆောင်ရွက်ရမယ်လို့ သိရပါတယ်။