
၇. ၃. ၂၀၂၅
Written by Nay Moe
ပြည်သူတွေလှူတဲ့အလှူငွေနဲ့ ပြည်ပမှာ မိသားစုလိုက်အခြေချ ဇိမ်ခံနေတဲ့ NUG အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူတွေ ပြည်တွင်းပြန်ဝင်လာဖို့ပြောတဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ လူယုံလို့ ဆိုကြတဲ့ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ကို လက်ရှိတာဝန်ကနေ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့မှာ အမိန့်စာတစ်စောင်ထုတ်ပြီး အနားပေးလိုက်ပါတယ်။

ခွန်ဗဟန်းထန်ဟာ ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့က စတင်ပြီး NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သူ့နည်းတူ လူ့အခွင့်အရေးဒုဝန်ကြီးဖြစ်တဲ့ ဘင်္ဂါလီလူမျိုး ဦးအောင်ကျော်မိုးကတော့ အနားပေးမခံရသလို ခွန်ဗဟန်းထန် အနားပေးခံရမှုကိုလည်း NUG က ဖြေရှင်းချက်ထုတ်မထားပါဘူး။
ပြီးခဲ့တဲ့လကလည်း ငွေကြေးမသမာမှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လိင်စော်ကားမှုတွေနဲ့ နာမည်ပျက်ထွက်သူ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးနိုင်ထူးအောင်ဟာ တာဝန်က နုတ်ထွက်တယ်လို့ ကြေညာခဲ့ပေမဲ့လည်း ရက်ပိုင်းအတွင်းမှာပဲ ဦးနိုင်ထူးအောင်ကို ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းရဲ့ အကြံပေးအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဟာ ဘင်္ဂါလီဒုဝန်ကြီးဦးအောင်ကျော်မိုး လုပ်ဆောင်တဲ့ ဘင်္ဂါလီအရေးနဲ့ LGBT တစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း လုပ်ဆောင်တဲ့ LGBT အရေးတွေပဲ အဓိကလုပ်ဆောင်နေပြီး PDF ၊ ပသုံးလုံး လက်နက်ကိုင်တွေရဲ့ မုဒိမ်းလူသတ်မှု စတဲ့ စစ်ရာဇဝတ်မှုတွေကို မဖြေရှင်းနိုင်သလို ဒီစစ်ရာဇဝတ်မှုတွေအတွက်လည်း တာဝန်ရှိတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်ဟောင်း ဦးနိုင်ထူးအောင်ဟာ မန်းဝင်းခိုင်သန်းရဲ့ အကြံပေးဖြစ်လာပြီးချိန်မှာ ဒီလိုမျိုးစစ်ရာဇဝတ်မှုတွေ ကန့်ကွက်ဖို့ တာဝန်ယူထားသူလို့ဆိုကြတဲ့ ခွန်ဗဟန်းထင် ထုတ်ပယ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။