
၇.၃.၂၀၂၅
Written By Thandar
Channel Myanmar 8 ရဲ့ Original Series ဖြစ်တဲ့ ရိုမန့်စ် ဒရာမာဇာတ်လမ်းပုံစံ “My” Season2 ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၇ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Chinese 47 မှာ ကျင်းပခဲ့ပါတယ်။




“ဒီနေ့က ရှိုင်းမှာ အများကြီးအောင်မြင်ထားတဲ့ ရိုမန့်စ်ဒရာမာ My Series လေးကို ပြန်လည်ပြီး Season – 2 အနေနဲ့အသက်သွင်းရတာပါ။ ပရိသတ်တွေ အောင်မြင်ခဲ့တာမို့ ပိုလည်း တာဝန်ကြီးပါတယ်။ ရှိုင်းက သုခမင်းသွင်နေရာပါပဲ။ Season – 1 မှာတုန်းကလိုပဲ နှလုံးရောဂါသည်ကောင်လေး။ အဆိုဝါသနာပါတယ်။ နေ့သစ်ဆိုတဲ့ သူငယ်ချင်းနဲ့တွေ့တဲ့အချိန်မှာ စိတ်ခံစားချက်လေးတွေရှိခဲ့ကြတယ်။ Season – 1 မှာက သူရဲ့သူငယ်ချင်းကို ကယ်ဆယ်ရင်းနဲ့ သေသွားတယ်ပေါ့နော်။ Season – 2 နေ့သစ်က ဘယ်လိုပြန်ပါလာမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ ရှိုင်းက သေချာကြိုးစားရမှာမို့ တော်တော်လေးကို စိတ်လှုပ်ရှားရပါတယ်” လို့ သရုပ်ဆောင် ဇော်ရှိုင်းထက်က ပြောပါတယ်။





အဆိုပါ New Horizon Season – 2 မှာ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို Aeternum ရေးသားထားပြီးတော့ ဒါရိုက်တာ EMMA က ရိုက်ကူးမှာဖြစ်သလို သရုပ်ဆောင်တွေဖြစ်တဲ့ ဇော်ရှိုင်းထက်၊ မြင့်မြတ်ဟိန်း၊ ဟိန်းသီဟ၊ အိမ့်ဆု၊ ခန့်ညားအောင်၊ သွေးသစ်လင်း၊ ယွန်းပိုးအိနဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။