SAC ဥက္ကဋ္ဌက မင့်စ်မြို့ရှိ The Victory Monument၌ ပန်းခွေချအလေးပြု







MT News
၆. ၃. ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး ရုရှားသမ္မတအပါအဝင် ရုရှားအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးပြီးနောက် ဘီလာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်(Offical State Visit) အဖြစ် ဘီလာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိသွားရာ ဘီလာရုစ်သမ္မတနိုင်ငံက SAC ဥက္ကဋ္ဌအား နိုင်ငံတော်အဆင့် ကော်ဇောနီခင်း၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ထိုသို့ ဘီလာရုစ်နိုင်ငံဆီ နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က မတ်လ ၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မင့်စ်မြို့ရှိ The Victory Monument ၌ ပန်းခွေချ အလေးပြုခဲ့သည်ဟု သိရသည်။







အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်းကော့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘီလာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကအပါအဝင် ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။
Photo – Credit