
၆.၃.၂၀၂၅
Written By Thandar
မတ်လ ၅ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Sedona Hotel မှာကျင်းပခဲ့တဲ့ အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss World Myanmar 2025 Final ပွဲကြီးမှာ Miss World Myanmar 2025 Winner Crown ဆုကို အသက် ၁၇ နှစ်အရွယ် အလှမယ် ခီဆာခင်က ဆွတ်ခူးရရှိခဲ့ပါတယ်။
“ခီဆာ Miss World Myanmar 2025 အနေနဲ့ ရွေးချယ်ခံရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။ ဒီအောင်မြင်မှုက ခီဆာ့တစ်ဦးတည်းရဲ့ ကြိုးစားမှုကြောင့်မဟုတ်ဘဲ ခီဆာ့အား အဖက်ဖက်က အစဉ် အားပေးမှု၊ ပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာများအားလုံးနဲ့ ခင်မင်ပေးခဲ့ကြတဲ့ ချစ်သောသူတွေအားလုံးကြောင့်သာ ဒီဆုကိုရတာပါ”လို့ အလှမယ် ခီဆာခင်က ပြောပါတယ်။





အဆိုပါ အလှမယ်ပြိုင်ပွဲမှာ Miss World Myanmar 2025 Winner ဆု အလှမယ် ခီဆာခင်၊ 1st Runner Up ဆုကို နန်းဟတ်ဟွမ်၊ 2nd Runner Up ဆုကို မေနုဇန်၊ 3rd Runner Up ဆုကို ဟန်စုခင်ခင်၊ 4th Runner Up ဆုကို စောမြတ်အိခိုင်၊ 5th Runner Up ဆုကို ဂျူးဂျူးနိုဗန်ထွန်းတို့က ဆွတ်ခူးရရှိခဲ့ကြပါတယ်။
Miss World Myanmar 2025 အလှမယ်ဖြစ်တဲ့ အလှမယ် ခီဆာခင်ကတော့ ၂၀၂၃ ခုနှစ်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Tourism International ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ်အနေနဲ့ ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့ပြင် Miss Earth Myanmar 2023 ပြိုင်ပွဲမှာလည်း Miss Earth Land Myanmar 2023 Winner နဲ့ The Best of Speak out Award ဆုတွေကို ရရှိထားသူလည်းဖြစ်ပါတယ်။
အလှမယ် ခီဆာခင်က အသက် ၁၅ နှစ်ကျော် အရွယ်ကတည်းက အလှမယ် ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်နေသူဖြစ်ပြီးတော့ အရပ် ၅ ပေ ၈ လက်မရှိပြီး International ပြိုင်ပွဲ အတွေ့အကြုံ ရှိသူလည်းဖြစ်ပါ တယ်။