
၆. ၃ .၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆိပ်ကြီးခနောင်တို ဆိပ်ကမ်းက ထွက်ခွာလာတဲ့ သမ္ဗာန်တစ်စီး ရန်ကုန်မြို့ ကလီဆိပ်ကမ်းအနီးတိမ်းမှောက်စဉ် ရေထဲနစ်မြုပ်ပျောက်ဆုံးခဲ့တဲ့ ခရီးသည်အမျိုးသားကို ဒီနေ့ မတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ လှေမှောက်တဲ့အနီးဝန်းကပဲ ရေကျချိန်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ကလီဆိပ်ကမ်းဆီ လှေသမားအပါ ၁၂ ဦး တင်ဆောင်မောင်းနှင်လာတဲ့ သမ္ဗာန်ယာဉ်(၁)စီး ကလီဆိပ်ကမ်းအနီးမှာ မတ်လ ၄ ရက်နေ ညနေ ၃နာရီဝန်းကျင်က တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။
ရုပ်အလောင်းကူညီသယ်ဆောင်ပေးခဲ့တဲ့ နယ်မြေခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “အသက် ၁၇ နှစ်အရွယ် လူငယ်ပါ။ သူတို့အမြွှာညီအကိုမှာ အစ်ကိုဖြစ်သူ ရေနစ်သေဆုံးခဲ့တာပါ။ သမ္ဗာန်မှောက်စဉ်က သမ္ဗာန်က ဘောတံတားနဲ့ ကမ်းကပ်ထားတဲ့ သင်္ဘောကြားဝင်သွားပြီး မှောက်တာမှာ ပျောက်ဆုံးလူငယ်က တံတားအောက် ဒါမှမဟုတ် သင်္ဘောအောက် ရောက်သွားပုံရပါတယ်” လို့ MT News ကို ပြောပါတယ်။

ပြန်လည်တွေ့ရှိ ဆယ်ယူရရှိတဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးက PR -028 နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။