
၅.၃.၂၀၂၅
Written by MMAK
PSG Vs လီဗာပူး
PSG အသင်းက ပြည်တွင်းမှာသာ ခြေစွမ်းအရမ်းကောင်းပေမဲ့ ဥရောပမှာတော့ ထင်သလောက် မကောင်းတော့ပြန်ပါဘူး။ လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းနေသလို ချန်ပီယံလိဂ်မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီပွဲမှာ PSG အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ PSG အသင်းရဲ့ ဘော်ဒီကြေးပြားနှစ်ဆယ်ဆိုတဲ့ ပေါက်ကြေးက ပျော့နေတဲ့အပြင် လီဗာပူးလို ချန်ပီယံလိဂ်ဝါရင့်အသင်းကို အနိုင်ရဖို့ရာ ခက်ခဲနိုင်ပါတယ်။ သို့ပေမဲ့ ချန်ပီယံလိဂ်ဖလားရဖို့ အသည်းအသန် ကြိုးစားနေတဲ့ PSG အသင်းအနေနဲ့ကလည်း ဒီရာသီမှာ နည်းပြလူဝစ်အင်းနရစ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကစားသမားကောင်းတွေ ခေါ်ယူထားပြီး ခြေစွမ်းကောင်းနေတာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူဖို့ အကောင်းဆုံးရာသီလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ၁၆ သင်းအဆင့်မှာတင် လီဗာပူးလိုအသင်းနဲ့ လာတွေ့နေတာတော့ ခက်ခက်ခဲခဲကြိုးစားရမဲ့ အခြေအနေဖြစ်ပါတယ်။ PSG အသင်းရဲ့ခြေစွမ်းက အရမ်းကောင်းနေသလို အိမ်ကွင်းပွဲ ဖြစ်တာကြောင့် အနိုင်မရရင်တောင် မရှုံးဘူးလို့ ထင်ပါတယ်။ ပထမအကျော့ဖြစ်တဲ့အတွက် PSG ကွင်းမှာတော့ PSG ဘော်ဒီကိုဘဲ ရွေးချယ်ပေးချင်ပါတယ် ။
ဘိုင်ယန်မြူးနစ် Vs လေဗာကူဆင်
ဂျာမာန်အင်အားကြီး ကလပ်နှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတာကြောင့် တစ်သင်းသင်းကတော့ ဒီအဆင့်ကနေ ထွက်ခွာရဖို့ ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ လေဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းလောက် ချန်ပီယံလိဂ်အတွေ့အကြုံမရှိပေမဲ့ လေဗာကူဆင်အသင်းကို ဇာဘီအလွန်ဆိုနည်းပြလုပ်ပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်အသင်း နိုင်ပွဲမရတာ ခြောက်ပွဲလောက် ရှိနေပါပြ။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘိုင်ယန်အသင်းက တစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းလုံးက အကြောင်းသိနေတာကြောင့် အခုကစားမဲ့ အဝေးကွင်းပွဲမှာ လေဗာကူဆင်အသင်းအနေနဲ့ ထိန်းကစားလာနိုင်ပါတယ်။ ဘော်ဒီကြေးတစ်လုံးစား ပေါက်နေသလို ဂိုးပေါင်းကြေးကလည်း သုံးလုံးစားဆိုတဲ့ပေါက်ကြေးက စုံပေါ်အောင်ဖို့ ခက်ပါတယ်။ ဒီပွဲမှာ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်း သရေမရရင်တောင် ဂိုးပြတ်မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင်သရေကျသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြားလေးဆယ်ရင်းပြီး အောက်အသင်းဖြစ်တဲ့ လေဗာကူဆင်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။




ဖီယင်နု Vs အင်တာမီလန်
နယ်သာလန်ကလပ် ဖိယင်နုအသင်းက Play-off အဆင့်မှာ အင်တာမီလန်အသင်းရဲ့ ဒါဘီပြိုင်ဘက် အေစီမီလန်အသင်းကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ အင်တာမီလန်အသင်းကို ထပ်ပြီးတော့ ဖြုတ်ချနိုင်ဖို့ဆိုတာတော့ ဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်။ အေစီမီလန်နဲ့တုန်းကတောင် ကံကောင်းလို့ နောက်တစ်ဆင့်တက်ခဲ့တာလို့ ပြောလို့ရပြီး ခြေစွမ်းကောင်းခဲ့လို့ မဟုတ်ပါဘူး။ ဒီပွဲစဥ်မှာ အဝေးကွင်းအင်တာမီလန်အသင်းက ဘော်ဒီကြေးတစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ Play-off အဆင့်မှာ တွေ့ခဲ့တဲ့ အေစီမီလန်အသင်းက အဝေးကွင်းပွဲမှာ သရေအရှုံးလောက်သာ ပေးခဲ့ပေမဲ့ အခုပွဲမှာ အင်တာမီလန်အသင်းက တစ်လုံးသရေလောက်ထိပေးထားတဲ့ ပေါက်ကြေးက အရမ်းပြင်းနေပါတယ်။ ဖီယင်နုအသင်းဆိုတာ အင်တာမီလန်အတွက် ပြိုင်ဘက်ကောင်းမဟုတ်ပါဘူး။ ဒီပွဲစဥ်မှာ အင်တာမီလန်အသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ယူဆထားတာကြောင့် အင်တာမီလန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
ဘင်ဖီကာ Vs ဘာစီလိုနာ
ဘင်ဖီကာအသင်းက Play- off အဆင့်မှာ မိုနာကိုအသင်းကို အနိုင်ရခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်လာတာ ဖြစ်ပေမဲ့ ဘာစီလိုနာအသင်းက တိုက်ရိုက် တက်ရောက်လာတာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အုက်စုအဆင့်မှာ တွေ့ဆုံခဲ့ကြတုန်းက ဘာစီလိုနာအသင်းက ငါးဂိုးလေးဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘင်ဖီကာအသင်းက နှစ်ဂိုးအသာနဲ့ ဦးဆောင်နေပေမဲ့ ဘာစီလိုနာအသင်းက သုံးဂိုးထိပြန်သွင်းခဲ့တာကြောင့် အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာလည်း အုပ်စုပွဲစဥ်တုန်းကအတိုင်း ပေါက်ကြေးမျိုး ပေးထားတာ တွေ့ရပြီး ဘာစီလိုနာအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပွဲဟာ အမှားခံလို့မရတဲ့ ပွဲစဥ်တွေဖြစ်သလို ဒုတိယအကျော့ကစားရမဲ့ ဘာစီလိုနာကွင်းမှာ ခက်ခဲနိုင်တာကြောင့် ဘင်ဖီကာအသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ အမှားခံလို့မရပါဘူး။ အနိုင်မရရင်တောင် သရေလောက်တော့ ကစားထားနိုင်မယ်လို့ ယူဆထားပြီး အိမ်ရှင်အသင်းဖြစ်တဲ့ ဘင်ဖီကာဘော်ဒီအောက်မှာ ခိုလှုံသင့်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။