




၅. ၃. ၂၀၂၅
Written by MMAK
ကလပ်ဘရု Vs အက်စတွန်ဗီလာ
၁၆ သင်းအဆင့်ကို တက်ရောက်လာနိုင်တဲ့ ဘယ်လ်ဂျီယံကလပ်ဖြစ်တဲ့ ကလပ်ဘရုအသင်းကို လျှော့တွက်မယ်ဆိုရင် အမှားကြီးမှားသွားပါလိမ့်မယ်။ Play-off အဆင့်မှာ အတ္တလန်တာအသင်းကို နှစ်ကျော့လုံးအနိုင်ရပြီး ၁၆ သင်း အဆင့်ကို တက်ရောက်လာတာ ဖြစ်သလို အုပ်စုအဆင့်မှာလည်း ဗီလာအသင်းကို အိမ်ကွင်းမှာ အနိုင်ရထားပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေးထားပါတယ်။ လက်ရှိအချိန်မှာ ဗီလာအသင်းရဲ့ ခြေစွမ်းက ကောင်းနေတယ်ဆိုပေမဲ့ ဗီလာအသင်းရှုံးပွဲတွေ့ပြီဆိုရင် အဝေးကွင်းပွဲစဥ်တွေမှာ အရှုံးများတာကြောင့် ဗီလာအသင်းက အဝေးကွင်းသိပ်မကောင်းဘူးလို့ ပြောလို့ရပါတယ်။ နှစ်ကျော့ကစားရမှာဖြစ်တာကြောင့် ကလပ်ဘရုအသင်းရဲ့ အိမ်ကွင်းမှာတော့ အိမ်ရှင်ကလပ်ဘရုအသင်းကိုပဲ ရွေးချယ်ရမှာပါ။ ဗီလာအသင်းရဲ့ ပြားနှစ်ဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးဟာ နိုင်ကြေးမဟုတ်သလို မရဲတရဲဖွင့်ပေးထားတဲ့ ပေါက်ကြေးလို့ပြောရမှာ ဖြစ်ပါတယ်။ အိမ်ရှင်ကလပ်ဘရုအသင်းကို ရွေးချယ်မယ်ဆိုရင် သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရမှာ ဖြစ်သလို အနိုင်ရရင်တောင် ရသွားနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ ကလပ်ဘရုဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
PSV Vs အာဆင်နယ်
နယ်သာလန်ကလပ် PSV အသင်းက Play-off အဆင့်မှာ ဂျူဗင်တပ်အသင်းကို ကျော်ဖြတ်လာတာဖြစ်ပြီး ပထမအကျော့ ဂျူဗင်တပ်ကွင်းမှာ ကပ်ရှုံးခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲမှာဆိုရင် ခံစစ်ကောင်းတဲ့ ဂျူဗင်တပ်အသင်းကို ခြေစွမ်းအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးပြတ်အနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာရှိနေတဲ့ အာဆင်နယ်အသင်း နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်သိပ်မကောင်းဘဲ နောက်ဆုံးလေးပွဲမှာ နှစ်ဂိုးသာ သွင်းနိုင်ခဲ့ပြီး လေးပွဲလုံးကို ဂိုးအောက်ကစားထားပါတယ်။ ဒီပွဲစဥ်မှာ အဝေးကွင်းအာဆင်နယ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒုတိအကျော့ အာဆင်နယ်ကွင်းရောက်မှ အာဆင်နယ်အသင်း အနိုင်ရသွားပြီး နောက်တစ်ဆင့်တက်နိုင်မယ်လို့ ယူဆထားတာကြောင့် အခုကစားမဲ့ အဝေးကွင်းပွဲမှာ သရေရလဒ်နဲ့သာ ပွဲပြီးမယ်လို့ ထင်ပါတယ်။ ခံစစ်ကောင်းတဲ့ အာဆင်နယ်အသင်းကြောင့် ဂိုးတွေအများကြီး မတွေ့ရနိုင်သလို ဂိုးပေါင်းကြေးကလည်း ဂိုးပေါ်အောင်မဲ့ ပေါက်ကြေးမျိုး မဟုတ်တာကြောင့် ဂိုးအောက်ကိုလည်း ကြိုက်ပါတယ်။ ဒီပွဲစဥ်မှာ အောက်အသင်းဖြစ်တဲ့ PSV ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
ရီးရဲမက်ဒရစ် Vs အသလက်တီကို မက်ဒရစ်
မက်ဒရစ်ဒါဘီပွဲဖြစ်ပြီး စပိန်ကလပ် အချင်းချင်း ထိပ်တိုက်တွေ့နေတာကြောင့် အခုအဆင့်မှာ တစ်သင်းသင်းတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ရီးရဲအသင်းက Play – off အဆင့်မှာ မန်စီးတီးအသင်းကို နှစ်ကျော့လုံးအနိုင်ရခဲ့ပြီး အခုအဆင့်ကိုတက်ရောက်လာတာ ဖြစ်ပါတယ်။ တီကိုအသင်းကတော့ ဒီရာသီမှာ ခြေစွမ်းတော်တော်လေးကောင်းနေပြီး လာလီဂါမှာ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကို ဖိအားပေးထားနိုင်သလို ချန်ပီယံလိဂ်မှာလည်း ထိပ်ဆုံးရှစ်သင်းနေရာကနေ တိုက်ရိုက်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ရီးရဲမက်ဒရစ်အသင်းက ဘော်ဒီကြေးတစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးခြောက်ဆယ်စား ပေးထားပါတယ်။ စပိန်လာလီဂါ အမှတ်ပေးပွဲတွေမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ အသလက်တီကိုအသင်းကို အနိုင်ရအောင်မကစားနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ ရီးရဲအသင်းက သရေသာကစားနိုင်ခဲ့ပြီး ဘာစီလိုအသင်းဆို အရှုံးပေးခဲ့ရပါတယ်။ သို့ပေမဲ့ ဒါဟာ ချန်ပီယံလိဂ်ပွဲစဥ်ဖြစ်သလို ချန်ပီယံလိဂ်မှာဆိုရင် ချန်ပီယံခြေစွမ်းမျိုးပြသတတ်သလို ကံတရားရဲ့ဖေးမမှူတွေနဲ့ အသာရလေ့ရှိတဲ့ ရီးရဲအသင်းကို ကြိုက်ပါတယ်။ ဒီပွဲမှာတော့ အိမ်ရှင်ရီးရဲမက်ဒရစ်အသင်း အနိုင်ရသွားမယ်လို့ ထင်ပါတယ်။
ဒေါ့မွန် VS လိုင်လီ
ဂျာမာန်ကလပ် ဒေါ့မွန်အသင်းက Play – off အဆင့်မှာ စပို့တင်းအသင်းကို အနိုင်ရခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်လာတာ ဖြစ်ပြီး ပြင်သစ်ကလပ် လိုင်လီအသင်းကတော့ တိုက်ရိုက်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံးက ချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တာဖြစ်ပေမဲ့ ဒီအဆင့်မှာတော့ အမှားခံလို့မရဘဲ မှားတဲ့အသင်းက ထွက်ရမှာဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဒေါ့မွန်အသင်းက ဘော်ဒီကြေးတစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ကြေးအရဆိုရင် ဒီလိုပေါက်ကြေးမျိုးက ကြေးအောင်လေ့မရှိပေမဲ့ သေချာပြန်ကြည့်မယ်ဆိုရင် ဒီပေါက်ကြေးက အနည်းငယ်ပြင်းရှတယ်လို့ ပြောလို့ရပြီး ဒေါ့မွန်အသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ အိမ်ကွင်းဖြစ်နေတာကြောင့် ဒီကြေးပေးထားတယ်ဆိုပေမဲ့ လိုင်လီအသင်းထပ် ဒေါ့မွန်အသင်းက ပိုသာတယ်ဆိုတာ သိသာပါတယ်။ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်ခဲ့တဲ့ ဒေါ့မွန်အသင်းအနေနဲ့ ဒီအဆင့်မှာ လိုင်လီအသင်းနဲ့တွေ့ရတာ ပွဲချောင်တယ်လို့တောင် ပြောရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်နိုင်မယ်လို့ ထင်ပါတယ်။ အခုအိမ်ကွင်းပွဲမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ ကပ်နိုင်သွားနိုင်သလို ဂိုးပြတ်အနိုင်ရသွားတာမျိုးတောင် ဖြစ်နိုင်တာကြောင့် ဒေါ့မွန်ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို အနည်းငယ် ကာကစားသင့်ပါတယ်။