
၄.၃. ၂၀၂၅
Written by Nay Moe
ရေနံတွင်းတူး ဆက်ကြေးကောက်တာ၊ ပြည့်တန်ဆာခန်းတွေ၊ KTV တွေဖွင့်ပြီး ငွေရှာနေတဲ့ NUG ဩဇာခံ မြိုင် PDF တွေကြီးစိုးရာ မြိုင်ရေနံမြေဒေသ ဒီနေ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ သယံဇာတခိုးထုတ်ပြီး လက်နက်ကိုင်တိုက်ပွဲတွေအတွက် ထောက်ပံ့နေမှုကို တိုက်ခိုက်ချေမှုန်းမယ်လို့ အသိပေးထားသလို ဖေဖော်ဝါရီ ၂၂ ရက်မှာ ဧရာဝတီသတင်းဌာနက မြိုင် PDF တွေဟာ ပေါက်နဲ့မြိုင်အစပ်က ရေနံမြေတွေကို ထိန်းချုပ်ထားပြီး ပြည့်တန်ဆာခန်းတွေ၊ KTV တွေ ဖွင့်လှစ်လုပ်ကိုင်နေတာကြောင့် PDF တွေက ငွေကြေးအကျိုးအမြတ်များစွာ ရနေသလို ဒီပြည့်တန်ဆာတွေကို ခေါင်းပုံဖြတ်တာ၊ NUG နဲ့ KIA ခေါင်းဆောင်တွေကို ပြည့်တန်ဆာနဲ့ ဧည့်ခံတာတွေ ဖော်ထုတ်အပြီး PDF တွေ တပ်စွဲထားတဲ့ ကျောက်ခွက်ရေနံမြေဒေသက ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တဲ့ PDF ခေါင်းဆောင် ကမ္ဘာကျော်ရဲ့ မင်္ဂလာဆောင်ကို မြေပုံညွှန်း၊ အချိန်အတိအကျနဲ့ ပြည်သူ့သတင်းပေးမှုအရ လေကြောင်းတိုက်ခိုက်ခဲ့လို PDF တွေနဲ့ အားပေးထောက်ခံသူ ဆယ်ဦးကျော် သေဆုံးခဲ့ရပါတယ်။
အဲဒီဖြစ်စဥ်အပြီး မနေ့က မတ်လ ၃ ရက်နေ့မနက်မှာ မြိုင်နဲ့ပေါက် PDF တွေ ထိန်းချုပ်ရာ လက်ပံတိုရေနံမှော်နေရာတွေ ဆက်လက်ရှင်းလင်းခံရပြီး လူဆယ်ချီ သေဆုံးဒဏ်ရာရခဲ့ရာမှာ လက်ပံတိုရေနံမှော်က အများဆုံးသေကြေပျက်စီးခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ဒီနေ့ မတ်လ ၄ ရက် မနက် ၉ နာရီ ၃၅ မိနစ် အချိန်ခန့်နဲ့ ၁ဝ နာရီခန့်အချိန်တို့မှာလည်း ပခုက္ကူခရိုင်၊ မြိုင်မြိုနယ်၊ ကိုင်းရိုးရွာအနီး ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ဆင်စိန်ရွာက PDF တွေ တပ်စွဲထားတဲ့ ဘုန်းကြီး ကျောင်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ နွေဦးတော်လှန်ရေး_မြိုင်မြို့က အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာရနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ထားပေမဲ့ မြိုင်ဒေသခံတွေဆီက ကနဦးသိရမှုအရ ဆင်စိန်ရွာဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ PDF နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ (Photo -CJ)