
၄.၂. ၂၀၂၅
Translated by Thettant
ဂျပန်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဂျပန်နိုင်ငံသား ကိုးဦးကို ရုရှားအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ အတည်ပြုထုတ်ပြန်လာပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားနိုင်ငံအပေါ် ဂျပန်အစိုးရက “ဆက်လက်လုပ်ဆောင်နေတဲ့ ဒဏ်ခတ်အရေးယူမှုတွေ” ကို တုံ့ပြန်တဲ့အနေနဲ့ ပိတ်ပင်မှု ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya နဲ့ အခြားဂျပန်နိုင်ငံသား ရှစ်ဦးကို ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ ၃ ရက် ထုတ်ပြန်မှု စာရင်းမှာ ယူကရိန်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Masashi Nakagome နဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း Kuninori Matsuda တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က အကြီးတန်းအရာရှိတွေ၊ IHI ကော်ပိုရေးရှင်း၊ ISUZU Motors၊ Prodrone နဲ့ Cyberdyne အပါအဝင် ဂျပန်ကော်ပိုရေးရှင်းကြီးတွေက အမှုဆောင်အရာရှိတွေကလည်း မော်စကိုရဲ့ တိုကျိုအပေါ် လက်တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်းမှာ ပိတ်ပင်ခံခဲ့ရပါတယ်။
သုံးနှစ်ကြာ ယူကရိန်းစစ်ပွဲ စတင်ချိန် ၂၀၂၂ ခုနှစ်ကစ ဂျပန်နိုင်ငံဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြားကို ချမှတ်ခဲ့ပြီး အရာရှိတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စစ်ပွဲအတွက် အဓိကကျတဲ့ စက်မှုလုပ်ငန်းများစွာကို ပစ်မှတ်ထားခဲ့ပါတယ်။
မော်စကိုကတော့ အနောက်နိုင်ငံတွေရဲ့ ဖိအားအောက်မှာ ရုရှားဆန့်ကျင်ရေးလမ်းစဉ်ကို ဂျပန်က လိုက်လျှောက်ပေးနေတယ်လို့ မော်စကိုက ပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံဟာ သူ့ရဲ့ တင်းကျပ်တဲ့ မူဝါဒတွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆို နောက်ဆက်တွဲအကျိုးဆက်တွေ ဆက်လက်ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။
Ref, Xinhua & Anadolu