




၄.၃.၂၀၂၅
Written by KL
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင် ကျေးရွာ၊ နယ်မြေ (၅) ရှိ နေအိမ်တစ်လုံးတွင်မတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က ငွေရေးကြေးရေးအဆင်မပြေမှုကြောင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု(၁၀၅)မိုင်ထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီးစားသောက်ဆိုင်ကို ပိတ်ထားရသူဖြစ်ကာ ငွေရေး ကြေးရေး အဆင်မပြေမှုကြောင့် စိတ်ညစ်၍ ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူတွင် အမျိုးသမီးနှင့် ၅ လသားအရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု(၁၀၅)မိုင်မှ အသင်းဝင် ၃ ဦးဖြင့် သွားရောက်သယ်ယူပေးခဲ့ပြီး မိုင်းယုသုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။