
၃.၃.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွင်းမှာ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရသေးတာကြောင့် အိန္ဒိယအစိုးရက ဘူတန်နိုင်ငံနဲ့ ဆက်သွယ်မယ့် ရထားလမ်းကွန်ရက်ရဲ့ အဆိုပြုထားတဲ့ ၆၉ ကီလိုမီတာရှိ ရထားလမ်းသစ်ကို အလျင်အမြန်ဆောင်ရွက်မယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသတွေကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ဆက်သွယ်ဖို့ စီမံကိန်းတွေက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တိုးတက်မှုမရှိဘဲဖြစ်နေလို့ အိန္ဒိယအစိုးရက ဘူတန်နဲ့ဆက်သွယ်မယ့် ရထားလမ်းသစ်ကို ဦးစွာဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ဒီရထားလမ်းက အနောက်အာသံပြည်နယ်ရှိ Kokrajhar မြို့နဲ့ ဘူတန်နိုင်ငံ Gelephu မြို့တို့ကို ဆက်သွယ်မှာဖြစ်ပြီး ဘူတန်နိုင်ငံအတွက် ပထမဆုံးရထားဆက်သွယ်မှုလမ်းလည်းဖြစ်မှာပါ။
အိန္ဒိယက မြန်မာနိုင်ငံအတွင်း မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်နယ်တို့ကနေ မြန်မာနိုင်ငံအတွင်း ရထားလမ်းများဖောက်လုပ်ဖို့စီမံချက်တွေရှိပေမယ့် ပဋိပက္ခတွေဖြစ်နေတာကြောင့် မစတင်နိုင်သေးပါဘူး။
Ref. Deccan Herald