
MT News
၃.၃. ၂၀၂၅
ကမ္ဘာကျော် တက္ကသိုလ် ၁၀၀ ကျော်ကို အခမဲ့လေ့လာခွင့်ရမည့် Global Education Summit 2025 ကို မတ်လ ၁၇ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။
အဆိုပါ Global Education Summit 2025 တွင်မိမိရောက်ရှိနေသည့် ပညာရေးမှတစ်ဆင့် ၂၀၂၅ စာသင်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ ကောလိပ်၊ တက္ကသိုလ်ကြီးများ၏ ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ်များကို ပြင်ဆင်လျှောက်ထားလိုသည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် ၂၀၂၅ စာသင်နှစ်အတွက် နောက်ဆုံးရ နိုင်ငံတကာပညာရေး သိကောင်းစရာများ၊ ဝင်ခွင့်ပြင်ဆင်လျှောက်ထားမှု အကြောင်းအရာများနှင့် ကျောင်းသားဗီဇာအခြေအနေများ၊ မြန်မာကျောင်းသူ ကျောင်းသားများ လျှောက်ထားနိုင်သော ပညာသင်ဆုအခွင့်အလမ်းများကို တစ်နေရာတည်းတွင် University Representative များနှင့် လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်မည် ဖြစ်သည်။
အဆိုပါ ကျောင်း ၁၀၀ ကျော်တွင် ယူကေနိုင်ငံရှိ Russell Group အဖွဲ့ဝင် ထိပ်တန်းတက္ကသိုလ်ကြီးများနှင့် အမေရိကန်ပြည်ထောင်စုရှိ ထင်ရှားကျော်ကြားသည့် ကောလိပ်၊ တက္ကသိုလ်များ၊ ကနေဒါနိုင်ငံရှိ တက္ကသိုလ်ကြီးများ၊ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ် နိုင်ငံများမှ တက္ကသိုလ်ကြီးများ၊ မလေးရှားနိုင်ငံရှိ ထိပ်တန်းဆေးတက္ကသိုလ်များ၊ ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ်ကြီးများနှင့် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ နာမည်ကြီးပုဂ္ဂလိကကျောင်းများအကြောင်းကို လေ့လာနိုင်မည်ဖြစ်သည်။
Global Education Summit 2025 ပညာရေးဆွေးနွေးပွဲကြီးကို https://crownedu.info/ges25_ygn ] တွင်
အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်ပြီး မတ်လ ၁၇ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအချိန်အတွင်း နိုဗိုတယ်ဟိုတယ်သို့ လာရောက်စူးစမ်းလေ့လာရမည်ဖြစ်သည်။