၁၇. ၁. ၂၀၂၃
Written by Pan Ei
သြစတြေးလျနိုင်ငံသူ Erchana Murray-Bartlett ဟာ နိုင်ငံရဲ့ မြောက်ဘက်စွန်းကနေ တောင်ပိုင်း မဲလ်ဘုန်းမြို့အထိ ကီလိုမီတာ ၆၃၀၀ (မိုင် ၃၉၀၀) ပြေးပြီး ရက်ပေါင်း ၁၅၀ အတွင်း မာရသွန်ပြိုင်ပွဲဆက် ၁၅၀ ခု ပြီးမြောက်ခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အပြေးသမားဟာ တနင်္လာနေ့ (ဇန်နဝါရီ ၁၆ ရက်)က အောင်မြင်မှုပန်းတိုင်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး အရင်နှစ်က ဗြိတိန်နိုင်ငံမှ အမျိုးသမီး အပြေးသမား ကိတ် ဂျေဒန် အရယူနိုင်ခဲ့တဲ့ ကမ္ဘာ့စံချိန်တင်မှတ်တမ်း မာရသွန်ပြိုင်ပွဲဆက် ၁၀၆ ပွဲကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မာရသွန်ပြိုင်ပွဲတွေကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ စတင်ခဲ့ပြီး ကွင်းစလန်းရှိ ကိပ်ယော့ခ်မြို့က ထွက်ခွာပြီးနောက် Murray-Bartlett ဟာ ဖုန်ထူထပ်တဲ့လမ်းတွေ၊ မြစ်တွေနဲ့ ကမ်းခြေတွေကို ဖြတ်ကျော်ခဲ့ရပြီး ပူပြင်းတဲ့ အပူဒဏ်နှင့် မုန်တိုင်းတွေကို ကြံ့ကြံ့ခံကာ တစ်နေ့ ၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ ဒသမ ၂ မိုင်) ခန့်ပြေးခဲ့တာပဲ ဖြစ်ပါတယ်။
Murray-Bartlett ဟာ မာရသွန်ပြိုင်ပွဲက ရရှိခဲ့တဲ့ အမြတ်ငွေ သြစတြေးလျဒေါ်လာ ၁၁၈,၀၀၀ (ဒေါ်လာ ၈၂,၁၃၀) ကျော်ကို သြစတြေးလျဒေသမျိုးစိတ် တိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် Wilderness Society ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
Ref; abc news