




၂၈.၂.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး အရေးပါတဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ AI နည်းပညာနဲ့ စွန့်ဦးတီထွင်မှုပြပွဲတစ်ခုဖြစ်တဲ့ “AI Yangon 2025” နဲ့ နားလည်မှု စာချွန်လွှာရေးထိုးပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ မြန်မာ့ဂုဏ်ရည်လမ်းရှိ ဂမုန်းပွင့် GPM Wholesale Mall မှာ ကျင်းပခဲ့ပါတယ်။
“AI Yangon 2025” ပြပွဲကို ယနေ့ ဖေဖော်ဝါရီ၂၈ ရက်ကနေ မတ်လ ၂ ရက်အထိ ၃ ရက်တိုင် GPM Wholesale Mall မှာ ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ ပွဲကို AI နည်းပညာ စိတ်ပါဝင်စားသူမည်သူမဆို AI YANGON 2025 ပြပွဲဆီ အခမဲ့လာရောက်လေ့လာနိုင် တယ်လို့သိရပါတယ်။
“ဒီပွဲကိုတော့ ကိုဟန်ဆက်က ဖိတ်ကြားမှုကြောင့် တက်ရောက်ဖြစ်တာပါ။ အဓိက ထိုင်းကနေ AI နည်းပညာပိုင်းဆိုင်ရာတွေကို ဖိတ်ခေါ်လာတယ်။ စိုက်ပျိုးရေးအသုံးဝင်တဲ့ AI နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ရုပ်ရှင် ထုတ်လုပ်ရေးတွေမှာလည်း Special Affect သုံးတဲ့ AI အဖွဲ့တွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင်တာလည်းဖြစ်ပါတယ်။ အဓိကတော့ ရန်ကုန်နယ်ခံမှာရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ လူမှုအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ အသင်းသားတွေနဲ့ AI စိတ်ဝင်စားကြတဲ့လူငယ်တွေနဲ့ပူးပေါင်းဆောင်ရွက်တာပါ။ ရန်ကုန်မြို့တွင်းမှာ နည်းပညာအခြေခံပြီးတော့ AI ပညာရပ်တွေကို လုပ်ငန်းသွားဖို့ သဘောတူစာချွန်လွှာရေးထိုးတာဖြစ်ပါတယ်။ AI ခေတ်ဖြစ်လာပြီဖို့ နည်းပညာတွေကလည်း ပြန်လည်မျှဝေလုပ်ဆောင်ခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါပြပွဲကို ဦးဆောင်ကျင်းပသူ ကိုဟန်ဆက် (MY ME MY MINE MEDIA က CEO & FOUNDER) နဲ့ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်း၊ ထိုင်းနိုင်ငံက သရုပ်ဆောင် ဒါရိုက်တာ ပါလိမန် ပေါလီဆွတ် ၊ စီးပွားရေးလုပ်ငန်းရှင် ဂျာချာယာ စငွန်ဆတ် အစရှိတဲ့သူတွေ တက်ရောက်ခဲ့ပြီး အမှာ စကားတွေ ပြောဆိုခဲ့ပြီး AI နည်းပညာ နဲ့ စွန့်ဦးတီထွင်မှု အတွေ့အကြုံတွေကိုလည်း ရှင်းလင်း ဟောပြောဆိုခဲ့ ကြပါတယ်။
အဲဒီနောက် နားလည်မှုစာချွန်လွှာကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနဲ့ မိတ်ဖက်ဖြစ်တဲ့ Mingalar Alliance Company Limited တို့ကြား ရန်ကုန်တိုင်းဒေသကြီးအတွင်း နည်းပညာအခြေခံပြီး မီဒီယာနဲ့ လက်မှုအကျိုးပြုလုပ်ငန်းတွေ ကို ပူးပေါင်းမိတ်ဖက်အနေနဲ့ဆောင်ရွက်ဖို့ နှစ်ဦး သဘောတူကတိစာချုပ်ကို ကွန်ပြူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဌေးလင်းနဲ့ Mingalar Alliance Company Limited ရဲ့ CEO Ms.ဂျာချာယာ စငွန်ဆပ်တို့က လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
AI Yangon 2025 နဲ့အတူ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ ၊ AI Project & Scholarship ရရှိနိုင် မယ့်အခွင့်အရေးနဲ့ စျေးရောင်းပွဲတော်ကိုလည်း လာရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။