
၂၈.၂.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံမှာ ပထမဦးဆုံး LGBT Reality Show တစ်ခုဖြစ်တဲ့ Glitter and Bitter The First LGBT Reality Show In Myanmar ကို ရိုက်ကူးတော့မယ့်အကြောင်း ကန်တော့ပွဲပေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မဟာဝိဇိယဘုရားမှာ ကျင်းပခဲ့ပါတယ်။









“ကျွန်တော်တို့က The First LGBT Reality Show In Myanmar ဆိုတဲ့အတိုင်း မြန်မာပြည်မှာ ပထမဆုံးဖြစ်တဲ့ LGBT Reality Show ကို ရိုက်ကူးသွားမှာပါ။ ဒီ LGBT Reality Show အတွက် အချိန်အားဖြင့်ဆိုရင် ၃ လလောက် ကြိုတင်ပြင်ဆင်ပြီး Project လေးကို ပြင်ဆင်ခဲ့တယ်။ ဒီ LGBT Reality Show လေး ထွက်လာရင်လည်း စောင့်ကြည့်အားပေးကြဖို့အတွက် ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ပြည်ငြိမ်းမောင်က ပြောပါတယ်။
Show Link နဲ့ THE CREATOR Creative Production House တို့ ပူးပေါင်းတင်ဆက်မယ့် Glitter and Bitter The First LGBT Reality Show In Myanmar ကိုတော့ ဒါရိုက်တာ ပြည်ငြိမ်းမောင် ရိုက်ကူးမှာဖြစ်ပြီးတော့ Show Concept ပြည်ငြိမ်းမောင်၊ Show Script ဖြိုးသဉ္ဇာကျော်၊ ယဉ်မင်းခန့်၊ DOP အောင်ကျော်သန့်၊ Producer လဲ့ရည်မောင်၊ Line Producer ကျော်ရဲသန့်၊ Production Manager အောင်မိုးဆွေတို့က ဆောင်ရွက်သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
“Glitter and Bitter ဆိုတဲ့ ကန်တော့ပေးပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ထက်တို့ကို နေရာတစ်ခုပေးပြီးတော့ ပါဝင်ခွင့်ပေးလာလို့လည်း တော်တော်လည်း ကျေနပ်မိပါတယ်။ ဒါက ပြိုင်ပွဲတစ်ခုဆိုတော့ ပုံမှန်အင်တာဗျူးဖြေနေသလို မဟုတ်ဘဲ စိတ်အတက်အကျတွေများမှာပေါ့နော်။ စိတ်လည်းတော်တော်လေးကို လှုပ်ရှားပါတယ်။ မတူညီတဲ့ ရသမျိုးစုံပါဝင်မှာမို့ စိတ်တော်တော်လှုပ်ရှားတာပေါ့။ ကိုယ့်အတွက် ခက်ခဲတယ်။ စိုးရိမ်စိတ်တွေဖြစ်နေပါတယ်။ အရမ်းလည်း စိတ်ပင်ပန်းနေပါတယ်”လို့ မထက်က ပြောပါတယ်။
ပထမဆုံး LGBT Reality Show တစ်ခုဖြစ်တဲ့ Glitter and Bitter LGBT Reality Show မှာ LGBT အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် လင်းလင်း၊ မထက်၊ ဆူး၊ အငယ်လေး၊ ဖာစီ၊ စံစံနဲ့ အတူ နယ်ပယ် အသီးသီးက Professional တွေနဲ့ အနုပညာရှင်များစွာက ပါဝင်ကြမှာလည်းဖြစ်ပါတယ်။
Glitter and Bitter LGBT Reality Show ရဲ့ Reality Show တွေမှာ ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပြီး အချင်းချင်းယှဉ်ပြိုင်ရတဲ့ အစီအစဉ်တွေကို အပိုင်း ၁၀ ပိုင်းစာ ပါဝင်မှာဖြစ်ပါတယ်။
LGBT Reality Show ကို မတ်လ ၁ ရက်ကနေ စတင်ပြီးတော့ ရန်ကုန်မြိုတွင်း စတင် ရိုက်ကူးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။