

MT News
၂၇.၂.၂၀၂၅
ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦး ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများမောင်းနှင်လာသည့် Drone ယာဉ် ၁ စီးသည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ၏ အရှေ့ တောင်ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံသန်းလာပြီး အဆိုပါကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာတစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။