၂၇. ၂. ၂၀၂၅
Written by MMAK




မန်ယူ Vs အစ်ဆွချ်
ဒီရာသီမှာ မန်ယူအသင်းက ဥရောပဝင်ခွင့်မရနိုင်တော့သလို တန်းဆင်းရဖို့လည်း မဖြစ်နိုင်တော့တဲ့အတွက် လက်ကျန်ပွဲစဥ်တွေကို ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားရတော့မဲ့ အခြေအနေဖြစ်ပါတယ်။ တစ်ဖက်က အစ်ဆွချ်အသင်းကတော့ တန်းမဆင်းရဖို့ အသည်းအသန်ရုန်းကန်နေရတာ ဖြစ်တဲ့အတွက် ရမှတ်တွေ လိုအပ်နေပါတယ်။ ဒီပွဲမှာ အိမ်ရှင်မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းက သိပ်မကောင်းသလို စိတ်ဓာတ်ပိုင်းကလည်း အကျဘက်ကို ရောက်နေတာကြောင့် လုပ်တိုင်းမဖြစ်နိုင်တဲ့ ကာလတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။ အိမ်ရှင်မန်ယူအသင်း တစ်ဂိုးနဲ့ ကပ်နိုင်သွားတယ်ဆိုရင်တောင် ပေါက်ကြေးအရ ကြေးရှုံးဦးမယ်ဆိုတဲ့ အခြေအနေတွေရှိပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ သရေကစားနိုင်ဖို့တောင် ရုန်းကန်နေရတဲ့ မန်ယူအသင်း ဒီပွဲစဥ်မှာ နှစ်ဂိုးပြတ်နိုင်ဖို့မလွယ်ပါဘူး။ မန်ယူအသင်း တစ်ဂိုးနဲ့ ကပ်နိုင်သွားရင်တောင် ကြေးစားရမှာ ဖြစ်သလို အမှတ်လိုအပ်ချက်ရှိနေတဲ့ အဝေးကွင်း အစ်ဆွချ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
စပါး Vs မန်စီးတီး
စပါးအသင်းက နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပြန်ရခဲ့သလို ဒဏ်ရာရကစားသမားအချို့ ပြန်လည်ပါဝင်လာတာကြောင့် ရလဒ်တွေ ပြန်ကောင်းလာပါတယ် ။ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို လီဗာပူးအသင်းကိုပါ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် အခုပွဲစဥ်မှာ ရလဒ်ကောင်းဖို့အတွက် ကြိုးစားလာနိုင်ပါတယ် ။ သို့ပေမဲ့ ဒီရာသီမှာ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ နှစ်ကြိမ်တွေ့ဆုံထားရာမှာ နှစ်ပွဲလုံးကို စပါးအသင်းက အနိုင်ရထားပါတယ် ။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးခြောက်ဆယ်စား ဖြစ်ပါတယ် ။ မန်စီးတီးအသင်းက ရလဒ်တွေဆိုးနေတာကြောင့် နိုင်ပွဲရဖို့အတွက် ဦးတည်ကစားလာမှာ ဖြစ်သလို အိမ်ရှင်စပါးအသင်းကလည်း နိုင်ပွဲရဖို့အတွက်ဘဲ ဦးတည်ကစားလာမှာ ဖြစ်ပါတယ် ။ ဂိုးပေါင်းကြေးကလည်း ပြင်းရှနေတာကြောင့် နှစ်သင်းလုံးတိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ် ။ ဒီအတွက်ကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။
နော်တင်ဟန်ဖောရက် Vs အာဆင်နယ်
ဖောရက်အသင်းရဲ့ အဝေးကွင်းပွဲစဥ်တွေမှာ သိသိသာသာ ခြေစွမ်းကျဆင်းနေပေမဲ့ အိမ်ကွင်းခြေစွမ်းကတော့ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ် ။ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှာ အားထားရတဲ့ ကစားသမားတွေ အားလုံးနီးပါး ဒဏ်ရာရနေတာကြောင့် တော်တော်လေး အခက်ကြုံနေပါတယ် ။ အဆင့်နှစ်က အာဆင်နယ်အသင်းက သူ့အောက်က ဖောရက်အသင်းကို အဝေးကွင်းကနေ ပြားရှစ်ဆယ်လောက်ထိ ပြန်ပေးထားတဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်လောက် များပြားနေပေမဲ့ အနိုင်ရသွားနိုင်လောက်တဲ့အထိလည်း မပြင်းပါဘူး ။ ဖောရက်အသင်းက အိမ်ကွင်းပွဲစဥ်တွေမှာ နောက်ဆုံးငါးပွဲဆက် နိုင်ပွဲရထားသလို လက်ရှိအချိန်မှာ အဝေးကွင်း ရှုံးပွဲတွေဆက်နေတာကြောင့် အခုအိမ်ကွင်းပွဲက အနိုင်ရဖို့ ရုန်းကန်လာနိုင်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်ဖောရက်အသင်း အနိုင်မရရင်တောင် သရေကျအောင် ကစားနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဖောရက်အသင်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။



လီဗာပူး Vs နယူးကာဆယ်
ဇယားထိပ်ဆုံးက လီဗာပူးအသင်းက ဒုတိယနေရာက အာဆင်နယ်အသင်းကို တစ်ပွဲပိုကစားထားပြီး ဆယ့်တစ်မှတ်အထိ အသာရထားပါတယ် ။ ချန်ပီယံလိဂ်ဖလားကိုပါ အာရုံစိုက်ချင်တဲ့အတွက် ပရီးမီးယားလိဂ်မှာ အမှတ်ရနိုင်သမျှ အရယူနေပါတယ် ။ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားဟာ လီဗာပူးအသင်း ဆွတ်ခူးနိုင်ဖို့ တော်တော်လေး ရာခိုင်နှုန်းများပါတယ် ။ အခုအိမ်ကွင်းပွဲမှာလည်း ခံစစ်ညံ့တဲ့ နယူးကာဆယ်အသင်းကို နိုင်ပွဲထပ်ရဦးမယ်လို့ ထင်ပါတယ် ။ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်က ဂိုးသွင်းအားကောင်းပေမဲ့ ခံစစ်က ပေးဂိုးတွေ တော်တော်လေးများနေသလို အဝေးကွင်းခြေစွမ်းက သာမာန်အနေအထားမှာဘဲ ရှိပါတယ် ။ တစ်လုံးငါးဆယ်အရှုံးပေးထားတဲ့ လီဗာပူးအသင်းက ဘော်ဒီကြေးက ပြားငါးဆယ်လောက်ထိ ပြင်းရှနေတာကြောင့် ပေါက်ကြေးအရ လီဗာပူးအသင်းကိုပဲ ရွေးချယ်ရဦးမှာပါ ။ နယူးကာဆယ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက သိပ်မကောင်းသလို ခံစစ်က ပေးဂိုးများနေတာကြောင့် ဆာလက်ဦးဆောင်လာမဲ့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းတိုက်စစ်ကို ယုံကြည်ရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ် ။
ဘရန့်ဖို့ Vs အဲဗာတန်
ရာသီအစမှာ အိမ်ကွင်းအရမ်းကောင်းတဲ့ ဘရန့်ဖို့အသင်းက အခုအချိန်မှာ အိမ်ကွင်းပွဲတွေမှာ ရှုံးနိမ့်ထားပြီး အဝေးကွင်းနိုင်ပွဲတွေ ပြန်ရနေတာကြောင့် ရလဒ်တွေ ပြောင်းပြန်ဖြစ်နေတဲ့ အသင်းမျိုးဖြစ်ပါတယ် ။ အဲဗာတန်အသင်းရဲ့ လက်ရှိခြေစွမ်းကတော့ အကောင်းဆုံးအနေအထားမှာ ရှိနေပြီး ဒေးဗစ်မိုယက်ရဲ့ တစ်ကျော့ပြန် နည်းပြဘဝမှာ အဲဗာတန်အသင်းကို အကောင်းဆုံး ဆွဲတင်ထားနိုင်ပါတယ် ။ အခုပွဲစဥ်မှာ ဘရန့်ဖို့အသင်းက ပြားငါးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ်စား ဖြစ်ပါတယ် ။ တန်းဆင်းရဖို့မရှိတော့သလို အမှတ်မလိုတဲ့အသင်းနှစ်သင်း ဖြစ်နေကြောင့် ဘယ်အသင်း အနိုင်ရသွားမလဲ ရွေးချယ်တာထက် ဂိုးပေါင်းအပေါ်ကိုပဲ ရွေးချယ်ပေးချင်ပါတယ် ။ လက်ရှိအချိန်မှာ နှစ်သင်းလုံးက ဂိုးသွင်းအားကောင်းနေပြီး ဘရန့်ဖို့အသင်းက အိမ်ကွင်းနိုင်ပွဲပြန်ရဖို့အတွက် ကြိုးစားလာနိုင်သလို အဲဗာတန်အသင်းကလည်း ရှုံးပွဲမတွေ့အောင် ကြိုးစားလာနိုင်ပါတယ် ။ တစ်သင်းသင်းက ဂိုးစရတာနဲ့ တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ အခြေအနေကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး သုံးဂိုးလောက် မြင်ရဖို့ မခက်ပါဘူး ။ ဒီအတွက်ကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။
လိုက်ဇစ် Vs ဝုလ်ဘတ်
ဂျာမန်ပိုကယ်ဖလား ကွာတားဖိုင်နယ်ပွဲစဥ်ဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဆီးမီးဖိုင်နယ်မှာ လိဂ်-၃ အဆင့်က အသင်းတစ်သင်းနဲ့ တွေ့ဆုံမှာ ဖြစ်တာကြောင့် အခုပွဲအနိုင်ရတဲ့အသင်းက ဖိုင်နယ်ပွဲကို တိုက်ရိုက်ကစားခွင့်ရနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်လိုက်ဇစ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ် ။ လိုက်ဇစ်အသင်းရဲ့ ဒီရာသီခြေစွမ်းက အကျဘက်ကိုရောက်နေပြီး သုံးပွဲကစားမှ တစ်ပွဲလောက်အနိုင်ရထားတဲ့အသင်းမျိုး ဖြစ်နေပါတယ် ။ ဝုလ်ဘတ်အသင်းရဲ့ တိုက်စစ်ကတော့ ပွဲတိုင်းနီးပါးဂိုးသွင်းထားနိုင်သလို ဒီရာသီမှာ ခြေစွမ်းပိုကောင်းနေတာကို တွေ့ရပါတယ် ။ ဖလားပွဲဖြစ်တာကြောင့် ပွဲချိန်အတွင်း သရေကျသွားရင် အချိန်ပိုတွေ ပင်နယ်တီတွေဆက်ကစားရမှာဖြစ်ပြီး ပေါက်ကြေးကတော့ မိနစ်ကိုးဆယ်အတွင်းမှာဘဲ အကျုံးဝင်ပါတယ် ။ မိနစ်ကိုးဆယ်အတွင်းမှာ ဝုလ်ဘတ်အသင်း သရေရအောင်ကစားနိုင်တယ်လို့ ယူဆထားတဲ့အတွက် အောက်အသင်းဖြစ်တဲ့ ဝုလ်ဘတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
ဆိုစီဒက် Vs ရီးရဲမက်ဒရစ်
စပိန်ကိုပါဒယ်ရေး ဆီးမီးဖိုင်နယ်ပွဲစဥ်ဖြစ်ပြီး အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ကစားရမှာ ဖြစ်ပါတယ် ။ မူလစတည်ကြေးမှာ ရီးရဲအသင်းက သရေအရှုံးထိ ကြေးပေးခဲ့ပေမဲ့ အခုအချိန်မှာ ပြားငါးဆယ်သာပေးထားပြီး ကြေးကျလာသလို ဂိုးပေါင်းကြေးကတော့ သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ် ။ နှစ်ကျော့ကစားရမဲ့ အခြေအနေကြောင့် ဒီအိမ်ကွင်းပွဲမှာ ဆိုစီဒက်အသင်းက အသာရသွားနိုင်ပါတယ် ။ လက်ရှိအချိန်မှာ ဆိုစီဒက်အသင်းက တိုက်စစ်က ဂိုးသွင်းအားကောင်းသလို ခံစစ်ကလည်း ကောင်းနေပြန်ပါတယ် ။ ဒီပွဲစဥ်မှာ အောက်အသင်းဖြစ်တဲ့ ဆိုစီဒက်ဘော်ဒီနဲ့ ဂိုးအောက် တစ်ခုခုအနိုင်ရနိုင်သလို နှစ်မျိုးလုံးလည်း အနိုင်ရနိုင်ပါတယ် ။ ကြေးကျလာသလို နှစ်ကျော့ကစားရမှာ ဖြစ်တာကြောင့် အခုအဝေးကွင်းပွဲမှာ ရီးရဲအသင်းကို ဆန့်ကျင်ရမှာ ဖြစ်ပြီး အောက်အသင်းဖြစ်တဲ့ ဆိုစီဒက်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။