၁၇. ၁. ၂၀၂၃
Written by Nay Moe
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းပိုင်နက်များကို တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့်မပေးရန် NUG က ယနေ့တွင် တောင်းဆိုသည်။
ပြီးခဲ့သောရက်ပိုင်းက ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်စဥ် အိန္ဒိယပိုင်နက်သို့ ကျည်များကျရောက်ပေါက်ကွဲခဲ့သည်ဆိုသော သတင်းအချို့ကို အခြေခံကာ အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ အာဏာပိုင်များကမူ တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုတွင် အိန္ဒိယနယ်မြေဘက်သို့ ကျည်များကျရောက်ခြင်း၊ ထိခိုက်ခြင်းမရှိခဲ့ကြောင်း စနစ်တကျ စစ်ဆေးငြင်းဆိုထားသည်။