
၂၆.၂.၂၀၂၅
Written By Thandar
ဆိုင်းမိုင် ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ခင်ပွန်းအကိုထွန်းရဲ့ ဒုတိယမြောက်ရင်သွေးကို လွယ်ထားရသလို စုစုပေါင်း သားသမီး ၅ ယောက်ရဲ့ မိခင်ဖြစ်ပြီလို့လည်း ရင်ဖွင့်လာပါတယ်။

“မကြာမီ ကလေးငါးယောက်ရဲ့ မာမီဖြစ်တော့မယ့် ကျွန်မပါရှင့်။ ကိုထွန်းရဲ့ အချစ်တွေကြောင့် ဒုတိယ ကိုယ်ဝန်လေးရနေပါပြီ”လို့ သရုပ်ဆောင် ပိုးကြာဖြူခင်က ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့က ချစ်သူကိုထွန်းက နှစ်ဖက်မိဘ လူကြီးစုံရာရှေ့မှာ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာအပြည့်နဲ့ ပိုးကြာဖြူခင်ကို တောင်းရမ်းခဲ့တာလည်းဖြစ်ပြီး ရက်မကြာခင် မေလ ၁ ရက်နေ့မှာတော့ မန္တလေးမြို့မှာ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။


ပိုးကြာဖြူခင်ကတော့ အိမ်ထောင်ကျပြီးနောက်မှာ အလှူအတန်းတွေ ရက်ရက်ရောရော လှူဒါန်းနေသူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ခုချိန်မှာလည်း ရပ်နားထားပါတယ်။ အိမ်ထောင်ပြုပြီး မကြာခင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သားဦးရတနာ မိုးမြင့်ရောင်စဉ်ထွန်း@စိန်ဥကို မွေးဖွားခဲ့ပါတယ်။
ရတနာ PK Htun စိန်ရွှေရတနာဆိုင်ခွဲဖွင့်လှစ်ဖို့ ရှိပေမယ့်လည်း ဒုတိယ ရင်သွေးယူထားတာကြောင့် နောက်မှ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#ပိုးကြာဖြူခင်
#PoeKyarPhyuKhin
#MRTV4 #MyanmarActress
#MyanmarCeleFamily