
၂၆.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီပြည်နယ်အတွင်း နာဒီခရိုင်၌ တောင်ဆင်းလမ်းကြောင်းတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး ဖေဖော်ဝါရီလ ၂၆ ရက် နံနက်အစောပိုင်းက ပက်လက်လန်တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဘတ်စ်ကားက မဲခေါင်မြစ်ကမ်းပါးရှိ ဘွန်ကန်ပြည်နယ်မှ လူ ၂၀၀ ခန့်လိုက်ပါလာသော လူ့အဖွဲ့အစည်း လေ့လာရေးထွက်လာသူများ လိုက်ပါလာသည့် ကားသုံးစီးအနက်တစ်စီးဖြစ်ပြီး ရာယွန်မြို့သို့ ဦးတည်မောင်းနှင်လာကြခြင်းလည်းဖြစ်သည်။

ပရာချင်ဘူရီပြည်နယ် လမ်းလုံခြုံစိတ်ချရမှုဗဟိုစခန်းက ကားတိမ်းမှောက်မှုမှာ နံနက် ၃ နာရီ မိနစ် ၂၀ ခန့်တွင် အဝေးပြေးလမ်းမကြီး အမှတ် ၃၀၄ ပေါ်ရှိ ကီလိုမီတာ အကွာအဝေးတိုင် ၂၁၀ – ၅၀၀ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ယာဉ်မောင်းက ကုန်းဆင်းလမ်းကြောင်းတွင် ကားကိုမထိန်းနိုင်ဘဲဖြစ်ကာ ဦးစိုက်ထိုးကျသွားခဲ့ပြီး ကားမှာပက်လက်လန်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၇ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး နောက်တစ်ဦးမှာ ဆေးရုံတွင်ထပ်မံသေဆုံးခဲ့သည်။
ဒဏ်ရာရရှိထားသူ ၃၂ ဦးအနက် ၁၉ ဦးကို နာဒီခရိုင်ဆေးရုံနှင့် ၁၃ ဦးကို ကာဘင်ဘူရီခရိုင်များသို့ တင်ပို့ထားကြောင်းလည်း သိရသည်။
Ref- Bangkok Post