
၂၅.၂.၂၀၂၅
Written By Thandar
Rangoun Production က ရိုမန့်ဇာတ်လမ်းပုံစံ“ချစ်သူစေရာ” ရုပ်ရှင်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။



“ဒီနေ့ ရုပ်ရှင်ဇာတ်ကားက ချစ်သူစေရာပေါ့။ မပွင့်သိင်္ဂီဇော်ရိုက်ကူးမယ့် ဇာတ်ပါ။ ပိုးမမှီသာရယ်၊ ကျွန်တော်ရယ်၊ အန်တီဆင့်@မေသန်းနု၊ ဝင်းခန့်မိုးရယ်၊ နောက်ညီလေး ညီမလေးတွေ အများကြီးပါပါတယ်။ တီဆင့်ကတော့ ကျွန်တော်နဲ့ ပထမဆုံး တွေ့ရ သရုပ်ဆောင်ရမှာပါ။ ကျန်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးကလည်း အတူ သရုပ်ဆောင်မဆောင်ဖူးသေးပါဘူး။ ဒီကားမှာ ကျွန်တော့်ရဲ့ ကာရိုက်တာကို တော်တော်လေးကို ချိန်းထားပါတယ်။ ရို့မန်ဇာတ်လေးဆိုတော့လေ။ တော်တော်လေးကောင်းတဲ့ဇာတ်ပါ။ အချိန်တော်တော်ပေးရတဲ့ကားပါ။ ထုတ်လုပ်ရေးဘက်က တော်တော်အကုန်ကျခံရိုက်ထားတဲ့ ဇာတ်လေးပါ ”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။




ဇာတ်လမ်း၊ ဇာတ်ညွှန်း အေးကြည်သာဟန်၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ကြည်နူးစရာကောင်းတဲ့ ရိုမန့်ဇာတ်လမ်းပုံစံကို လာမယ့် မတ် ၁ ရက်နေ့မှာရန်ကုန်မြို့အတွင်း စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ပိုးမမှီသာ၊ အကယ်ဒမီ မေသန်းနု၊ ဝင်းခန့်မိုး၊ နှင်း၊ ဇော်ဇော်အောင်၊ ရန်ပြေ (ကျော်ကြီး)၊ မိုရီဝိုင်း၊ သျှင်ဖုန်းနွယ်၊ သက်သက်ဦးဇင်နဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။