




၂၄. ၂. ၂၀၂၅
Written by Nay Moe
သရက်ချောင်း၊ ဥတ္တူရွာမှာ ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တနင်္သာရီ PDF သုံးဦးသေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ပေးပို့တဲ့ ဝမ်းနည်းသဝဏ်လွှာမှာ ဖော်ပြထားမှုအရ သိရပါတယ်။
ဖြစ်စဥ်က ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊ ဥတ္တူကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်းပကဖ) ရဲ့ တပ်ခွဲ(၁)တပ်ဖွဲ့ဝင်ဖြစ်တဲ့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ရဲဘော် ဥတ္တူနဲ့ ရဲဘော် ဝက်ငယ်၊ ထားဝယ်နဂါး တပ်ခွဲ (၂) က ရဲဘော် ဝတုတ် တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
ဥတ္တူရွာတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ ရဲဘော် ဥတ္တူက အသက် ၃၀ အရွယ်ဖြစ်ပြီး ရဲဘော် ဝက်ငယ်နဲ့ ရဲဘော် ဝတုတ် တို့က အသက် ၁၈ နှစ်သာရှိကြသေးတဲ့ အသက်မပြည့်ခင် PDF စုဆောင်းခံရသူတွေဖြစ်ပါတယ်။