



၂၄.၂.၂၀၂၅
Photo by Thiri
သစ်စေး သရိုးနဲ့လုပ်တဲ့ မြန်မာမှုစေတီ၊ ပုထိုး၊ ဇရပ်တန်ဆောင်း ပုံစံငယ်တွေပြုလုပ်တဲ့ အလုပ်ကို ဦးမြကို စတင်လုပ်ကိုင်ဖြစ်တာ လွန်ခဲ့တဲ့ ခြောက်နှစ်ကပါ။ အဲဒီမတိုင်ခင်ကတော့ ရွှေတီဂုံစေတီတော်ရဲ့ ဘုရားတန်ဆောင်းမှာ ဘာသာရေးဆိုင်ရာ ဗိသုကာပညာရပ်ကို အခြေခံတဲ့ လုပ်ငန်းနဲ့ အသက်မွေးပါတယ်။ သူအဓိက အပိုင်နိုင်ဆုံးအပိုင်းက သစ်စေးနဲ့ သရိုးကိုင်တာလို့ သိရပါတယ်။
မြန်မာမှုဗိသုကာပညာရပ်မှာ သစ်စေးကို နိုင်နိုင်နင်းနင်းရောစပ်လုပ်ကိုင်နိုင်ဖို့က အခြေခံအကျဆုံးအပိုင်းနဲ့ အရေးကြီးဆုံးလို့လည်း သိရပါတယ်။ ပုံစံငယ်တစ်ခု ပြုလုပ်ရင် လုပ်ရတဲ့ လက်မနဲ့ ပေအလိုက် အချိန်ကြာမြင့်ချိန်က လနဲ့ချီလုပ်ဆောင်ရတာပါ။





လက်ရှိမှာတော့ ဦးမြကိုက မြန်မာပြည်အနှံ တန်ခိုးကြီးဘုရားနဲ့ သမိုင်းဝင် သာသနာ့အဆောက်အဦ အမျိုးမျိုးကို ပုံစံငယ် အနုစိတ်ပုံဖော် လုပ်ဆောင်ပေးပြီး၊ လက်ဆင့်ကမ်း ပညာအမွေလည်းပေးချင်နေတာပါ။ မြန်မာမှု ဗိသုကာပုံစံငယ်တွေက သစ်စေးသုံးရတာမို့ အရေပြားဓာတ်မတည့်မှုကလည်း သူ့လုပ်ငန်းခွင်ရဲ့ တပည့်လက်သားရှားပါးစေသလို ပညာရှင်ကြေးထိုက်ထိုက်တန်တန် မရရှိသေးတဲ့အတွက် သူတို့တုန်းကလို ပညာလည်းပေး နေထိုင်ကျွေးမွေးစရိတ်ခံဖို့ သူ့မှာ အခက်အခဲတချို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားတောင်ဘက်က ဈေးဆိုင်တန်းတွေမှာ သူ့ကို လာရောက်ရှာဖွေနိုင်ပါတယ်လို့ ဦးမြကိုက ဆိုပါတယ်။