
၂၃. ၂. ၂၀၂၅
Written by MMAK
နယူးကာဆယ် Vs နော်တင်ဟန်ဖောရက်
ဖောရက်အသင်းက နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဥ် နှစ်ပွဲလုံးကို ရှုံးနိမ့်ထားခဲ့တာကြောင့် ဖောရက်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက အကျဘက်ကို ရောက်လာပါတယ်။ နယူးကာဆယ်အသင်းကလည်း နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး လေးပွဲထိ ရှုံးထားပါတယ်။ တကယ်လို့ အိမ်ရှင်နယူးကာဆယ်အသင်းသာ အနိုင်ရခဲ့ရင် ဥရောပဝင်ခွင့်နေရာအတွက် အပြိုင်လုရမဲ့ အသင်းက ခုနစ်သင်းလောက်အထိ ဖြစ်လာပြီး အမှတ်ကွာဟမှုတွေ ကျည်းမြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေးကို သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက အိမ်ကွင်းနှစ်ပွဲဆက် ရှုံးခဲ့သလို ဖောရက်အသင်းကလည်း အဝေးကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် နှစ်သင်းလုံး ရလဒ်ကောင်းဖို့ ကြိုးစားလာနိုင်တဲ့ အခြေအနေမှာ အိမ်ရှင်အသင်းဖြစ်တဲ့ နယူးကာဆယ်အသင်းရဲ့ ရုန်းအားကို ပိုသဘောကျပါတယ်။ ဂိုးပေါင်းကြေး ပြင်းရှနေတာကြောင့် ဂိုးပေါ်မယ်ဆိုရင် နယူးကာဆယ်အသင်းက ဂိုးရနိုင်ခြေ ပိုများတာကြောင့် အခုပွဲစဥ်မှာ နယူးကာဆယ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
မန်စီးတီး Vs လီဗာပူး
မန်စီးတီးအသင်းက ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို ခြေစွမ်းအကျဘက်ရောက်နေတာကြောင့် အဝေးကွင်းလီဗာပူးအသင်းကတောင် ပြားလေးဆယ်အရှုံးဆိုပြီး ကြေးကြောပြန်ပေးထားသလို ဂိုးပေါင်းကြေးက သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီးအသင်းက ကြေးကြောပေးရမှာ ဖြစ်ပြီး ကြေးကြောမပေးနိုင်ရင်တောင် ဘော်ဒီကြေးက ဒဲ့အနေ အထားလောက် ဖြစ်သင့်ပါတယ်။ လီဗာပူးအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်သိပ်မကောင်းပေမဲ့ ခြေစွမ်းကတော့ အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ မန်စီးတီးအသင်းမှာ ဟာလန်းမပါနိုင်ပေမဲ့ တိုက်စစ်မှူးမာမွတ် ခြေစွမ်းပြနေသလို အသစ်ခေါ်ထားတဲ့ ကွင်းလယ်လူ ဂွန်ဇာလက်တို့ ပါဝင်လာနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ပေါက်ကြေးအရ ရွေးချယ်ရမှာ ဖြစ်ပြီး လီဗာပူးဘော်ဒီနဲ့ ဂိုးပေါ် တစ်ခုခုအောင်သွားနိုင်သလို စုံပေါ်တောင် အောင်သွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးဘော်ဒီနဲ့ဂိုးပေါ် နှစ်မျိုးလုံးကို ရွေးချယ်ပေးချင်ပါတယ်။
ရီးရဲမက်ဒရစ် Vs ဂျီရိုနာ
နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်နေပြီး လာလီဂါအဖွဲ့ချုပ်နဲ့ပါ ပြဿနာတွေတက်နေတဲ့ ရီးရဲအသင်း ဖိအားတွေအောက်ကနေ ရုန်းထွက်လာနိုင်တဲ့ပွဲစဥ်တစ်ပွဲဖြစ်ပါတယ်။ ဂျီရိုနာအသင်းက ဒီရာသီမှာ တော်တော်လေး ခြေစွမ်းကျဆင်းသွားပြီး နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ခြောက်ပွဲအထိ ရှုံးထားပါတယ်။ ဒီပွဲစဥ်မှာ ရီးရဲအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံးပေါက်ပါတယ်။ စနေညမှာ ဘာစီလိုနာအသင်းနဲ့ တီကိုအသင်းတို့ နိုင်ပွဲရထားတာကြောင့် ရီးရဲအသင်းလည်း နိုင်ပွဲရဖို့ရှိနေပြီး တစ်ဂိုးနဲ့နိုင်မလား ဂိုးပြတ်အနိုင်ရမလားဆိုတာဘဲ ကြည့်ရမှာပါ။ ဂျီရိုနာနဲ့တွေ့တိုင်း အမှန်အကန်ကစားပြီး ဂိုးပြတ်အနိုင်ရလေ့ရှိသလို ပေါက်ကွဲလာမဲ့ ရီးရဲအသင်းကို ဂျီရိုနာအသင်း မထိန်းနိုင်ပါဘူး။ ပေါက်ကြေးကလည်း အနိမ့်ဆုံးနှစ်ဂိုးပြတ်မဲ့ ပေါက်ကြေးမျိုးဖြစ်တာကြောင့် ရီးရဲဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။




ဘိုင်ယန်မြူးနစ် Vs ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်အသင်းမှာ အဓိကဂိုးသွင်းစက်ဖြစ်တဲ့ ဟာရီကိန်းမပါနိုင်တာကြောင့် ဒီပွဲစဥ်မှာ ဂိုးပြတ်အနိုင်ရဖို့ ခက်ပါတယ်။ ဒီရာသီမှာ ဖရန့်ဖတ်အသင်းက အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပြီး တိုက်စစ်က ဂိုးသွင်းအားကောင်းပါတယ်။ ဒီပွဲစဥ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဘော်ဒီကြေး နှစ်လုံးတစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ်အသင်း ဂိုးရနိုင်တယ်လို့ ယူဆထားပြီး ဖရန့်ဖတ်အသင်း တစ်ဂိုးရသွားရင် လေးဂိုးသွင်းမှ ကြေးအောင်မဲ့ ဘိုင်ယန်ဘော်ဒီကို မကြိုက်ပါဘူး။ ဘိုင်ယန်အသင်း ဂိုးပြတ်နိုင်ဖို့မလွယ်ဘဲ နိုင်ခဲ့ရင်တောင် ကပ်နိုင်သွားတာမျိုးဘဲ ဖြစ်နိုင်ပါတယ်။ သုံးဂိုးပြတ်မှ ကြေးစားရမဲ့ ဘိုင်ယန်မြူးနစ်ဘော်ဒီကို မရွေးချယ်သင့်ဘဲ ဖရန့်ဖတ်အသင်းတစ်ဂိုးရတာနဲ့ အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှု အဖြစ် ဖရန့်ဖတ်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ကစားသင့်ပါတယ်။
အမ်ပိုလီ Vs အတ္တလန်တာ
စီးရီးအေမှာ အမ်ပိုလီအသင်းက ခံစစ်အရမ်းညံတဲ့ အသင်းထဲမှာ ပါဝင်နေပြီး ပွဲတိုင်းဂိုးပေးထားရသလို နောက်ဆုံးဆယ်ပွဲဆက် နိုင်ပွဲလုံးဝမရှိဘဲ နှစ်ပွဲသရေကျကာ ရှစ်ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ အတ္တလန်တာအသင်းမှာ အဓိကတောင်ပံကစားသမား လွတ်မန်းပြန်ကစားနိုင်မှာ ဖြစ်တာကြောင့် ဘော်ဒီကြေးကို တစ်လုံးနှစ်ဆယ်အရှုံးထိပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ပထမအကျော့မှာတုန်းက တစ်လုံးအရှုံးပေးခဲ့တဲ့ အတ္တလန်တာအသင်းအနေနဲ့ အခုပွဲစဥ်မှာ သရေအရှုံးကနေ တစ်လုံးငါးဆယ်စားလောက်အထိဘဲ အမြင့်ဆုံးပေးသင့်တာ ဖြစ်ပါတယ်။ အခုပေါက်ကြေးက အရမ်းပြင်းနေပြီး ဒီလိုပေါက်ကြေးမျိုး အတ္တလန်တာအသင်းက အခြားသောအသင်းတွေကို ပေးခဲ့ချိန်မှာ ဂိုးပြတ်တွေချည်း အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ အတ္တလန်တာအသင်း စီးရီအေကို အာရုံစိုက်ကစားတော့မှာ ဖြစ်သလို လွတ်မန်းပါဝင်လာမဲ့ တိုက်စစ်က ဂိုးရဖို့ သေချာသလောက်ရှိပါတယ်။ ဒီအတွက်ကြောင့် အတ္တလန်တာဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကိုပါ ထပ်မံရွေးချယ်ပေးချင်ပါတယ်။