
၂၂.၂.၂၀၂၅
Written By Thandar
ပူပူနွေးနွေးအကယ်ဒမီ ရရှိထားတဲ့ မင်းသမီး အကယ်ဒမီခြူးလေးကတော့ မိသားစုဒရာမာဇာတ်လမ်းပုံစံ “အတ္တဆူး” ဇာတ်လမ်းတွဲမှာ သနားစရာကောင်းတဲ့ ကောင်မလေး ခြူးခြူးငယ်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ခြူးလေးက ဒီဇာတ်ကားမှာ သူများအိမ်မှာ ကပ်နေတဲ့ သနားစရာကောင်မလေး တစ်ယောက်ပေါ့။ ကိုယ်က ခြူးခြူးငယ်ဆိုတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ အဆင့်အတန်းခွဲခြားတဲ့ မိသားစု အိမ်မှာနေရတယ်ပေါ့နော်။ ဒီနာမည်အတိုင်းပဲ ဆူးတွေကြားထဲမှာ အလောင်မြိုက်ဆုံး ဆူးကတော့ အတ္တဆူးပါပဲ။ မထင်မှတ်ထားတဲ့ ဆူးလေးကြောင့် ခံစားရမယ် ဇာတ်ကားလေးပါ”လို သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ နေပိုင်က သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း၊ ညီနန္ဒ၊ မင်းတော်ဝင်၊ ခြူးလေး၊ အကယ်ဒမီမြတ်ကေသီအောင်၊ မိုးပွင့်ဖြူ၊ Albert ပိုင်၊ သမုဒယ၊ ရှင်းသီရိသူနဲ့ အနုပညာရှင်များစွာအပြင် ကလေးသရုပ်ဆောင် ဘုန်းသီဟနိုင်၊ ဇော်လင်းထက်၊ ဇင်ဝင့်ထည်တို့ ပါဝင်ထားကြပါတယ်။
“အတ္တဆူး” ဇာတ်လမ်းတွဲကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီတိုင်းမှာ M Entertainment Channel ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပြီးတော့ ပြန်လည်ပြသချိန် အနေနဲ့ နံနက် ၈ နာရီနဲ့ နေ့လယ် ၁ နာရီတို့မှာ ပြသမှာလည်းဖြစ်ပါတယ်။