၁၆. ၁. ၂၀၂၃
Written by Ye Kyaw
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှစတင်ပြီး ရိုးမဘဏ် Customer များအနေဖြင့် ရိုးမဘဏ်အကောင့် (စာရင်းဟောင်း)များမှ တစ်ပတ်လျှင် ငွေသား ကျပ်သိန်း ၂၀ အထိ လွယ်ကူအဆင်ပြေစွာ ငွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာထားသည်။
၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဘဏ်များ၌ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုမရှိခြင်း၊ ATM စက်များတွင်လည်း လိုအပ်ချက်အတိုင်း ငွေသားထုတ်ယူနိုင်မှု မရခြင်းများကြောင့် ဘဏ်များအပေါ် ပြည်သူများ ယုံကြည်မှုလျော့ကျခဲ့သည်။
ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူရန် ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဘဏ်အချို့ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ATM စက်များတွင် ငွေသားထုတ်ယူရန် လူတန်းရှည်ကြီးများဖြစ်ပေါ်ခဲ့သည့်အပြင် နေရာဦးခအဖြစ် တစ်နေရာကို ကျပ်သောင်းနှင့်ချီ ပေးရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် မိမိ၏ဘဏ်အကောင့်များမှ ငွေသားများထုတ်ယူရာတွင် ရာခိုင်နှုန်းအားဖြင့် ငါးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိပေး၍ ကျပ်ငွေအချင်းချင်းလဲလှယ် ထုတ်ယူခဲ့ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။