၄. ၁၀. ၂၀၂၂
MT News
တနင်္လာညရဲ့ သုံးပွဲခန့်မှန်းချက်ကတော့ ရာနှုန်းပြည့်အောင်လို့ MT News စာဖတ်သူတွေ သဘောကျစရာဖြစ်ခဲ့သလို ဒီနေ့ညမှာတော့ ဥရောပထိပ်သီးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်မှုကို ကံကောင်းမှုတွေနဲ့ ပြုံးပျော်နိုင်အောင် ခန့်မှန်းပေးချင်ပါတယ်။
ဒီနေ့ညမှာဆိုရင် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ်၊ တော့တင်ဟမ်ဟော့စပါး၊ အေဂျက်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ လီဗာပူးတို့ရဲ့ ပွဲကောင်းတွေရှိနေပါတယ်။
အုပ်စုအဆင့် တတိယအကျော့ဖြစ်လို့ အမှားခံလို့မရတဲ့ အချိန်ဖြစ်သလို တချို့အသင်းတွေက အုပ်စုတက်ရေးအတွက် ရေကုန်ရေခမ်းကစားကြရတော့မှာပါ။
ဒီညမှာကန်မယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ပွဲကြိုသုံးသပ်ချက်တွေကို MT News ပရိသတ်တွေအတွက် ဖော်ပြပေးရင်း အားလုံးပဲပြုံးပျော်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
အင်တာမီလန် – ဘာစီလိုနာ
အင်တာမီလန်က နောက်ပိုင်းပွဲစဥ်တွေ ရှုံးပွဲတွေဆက်နေပြီး ရိုးမားအသင်းကိုလည်း အိမ်ကွင်းမှာ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဦးဆောင်တဲ့ ဘာစီကတော့ စပိန်လာလီဂါမှာတော့ နိုင်ပွဲတွေဆက်နေဆဲပါ။ ဘိုင်ယန်မြူးနစ်ကိုရှုံးခဲ့တဲ့ပွဲတောင် ဘာစီကခြေအသာနဲ့ဆော့နိုင်ခဲ့တာပါ။အဝေးကွင်းပေမယ့် ဘာစီ အနိုင်ရသွားမှာပါ။
ရွေးချယ်မှု – ဘာစီ
…….
အေဂျက် – နာပိုလီ
အေဂျက်က အိမ်ကွင်းဆို ခြေစွမ်းကောင်းပေမယ့် ချန်ပီယံလိဂ်မှာတော့ ရိန်းဂျားကိုနိုင်ပြီး လီဗာပူးကို ရှုံးထားပါတယ်။ နာပိုလီကတော့ ပွဲတိုင်းနိုင်ထားပြီး ချန်ပီလိဂ်ရော အမှတ်ပေးပွဲရော ဇယားထိပ်မှာဦးဆောင်နေပါတယ်။ နာပိုလီ အနိမ့်ဆုံး သရေနဲ့အနိုင်ပါ။
ရွေးချယ်မှု – နာပိုလီ
…….
ဘိုင်ယန် – ပလာဇန်
ဘိုင်ယန်ကသူ့လိဂ်မှာ နောက်ဆုံးပွဲ ဂိုးပြတ်အနိုင်ရထားပါတယ်။ ပလာဇန်ကအုပ်စုမှာ အဖြည့်ခံသက်သက်ပါ။၂ပွဲလုံးမှာ ပေးဂိုး ၇ ဂိုးအထိပေးထားရပါတယ်။ ဘိုင်ယန်အတွက် အိမ်ကွင်းမှာ ပလာဇန်ကို ဂိုးသွင်းကျင့်ပြီး အုပ်စုတက်ဖို့ အနိုင်ရသွားပါမယ်။
ရွေးချယ်မှု – ဘိုင်ယန်
…….
ပေါ်တို - လေဗာကူဆင်
ပေါ်တိုကတော့ ၂ ပွဲကစား ၂ ပွဲ ရှုံးနိမ့်ထားပြီး ဒီနှစ် ပေါ်တို အခြေမလှဖြစ်နေပါတယ်။ လေဗာကူဆင်က တီကိုကိုအနိုင်ရထားပြီး အဲဒီ ပွဲစဥ်မှာခြေစွမ်းကောင်းခဲ့ပါတယ်။အဝေးကွင်းဆို အမှားအယွင်းများတဲ့ လေဗာကူဆင်ကို ပေါ်တို သရေအနိမ့်ဆုံးကန်နိုင်မှာပါ။
ရွေးချယ်မှု – ပေါ်တို
…….
မာဆေးလ် – စပို့တင်း
စပို့တင်းခြေစွမ်းက အုပ်စုတက်ဖို့ သေချာလွန်းတဲ့ ခြေစွမ်းမျိုးပါ။ ၂ ပွဲကစား ၂ ပွဲလုံးနိုင်ထားပြီး အသင်းက အဓိကလူတွေမရှိတော့ပေမယ့် စုဖွဲ့မှုကောင်းတုန်းပါ။ မာဆေးလ်ကတော့ ၂ ပွဲကစား ၁ ဂိုးမှမရသလို တစ်မှတ်မှလဲ မရသေးပါဘူး။ နောက်တဆင့်တက်ဖို့ စပို့တင်းအနိုင်ကန်မှာပါ။
ရွေးချယ်မှု – စပို့တင်း
……..
ကလပ်ဘရုဂေး – တီကို
ကလပ်ဘရုဂေးက ဒီအုပ်စုမှာ လေဗာကူဆင်နဲ့ ပေါ်တိုကို နိုင်ပြီး ၆ မှတ်ရထားတဲ့အသင်းပါ။ တီကိုခြေစွမ်းဟာ သာမန်ပဲရှိပြီး ဒီပွဲမှာ ခံစစ်ပိတ်ဆော့ဖို့များပါတယ်။ တီကို တိုက်စစ်ကလည်း အားနည်းပြီး ကလပ်ဘရုဂေးတိုက်စစ်နဲ့ယှဥ်ရင် ဘရုဂေးကတောင်သာပါတယ်။ တီကို သရေပဲမျှော်လို့ရပါမယ်။ ကလပ်ဘရုဂေး သရေနဲ့အနိုင်ပါ။
ရွေးချယ်မှု – ကလပ်ဘရုဂေး
…….
ဖရန့်ဖတ် – စပါး
စပါးအသင်းက စပို့တင်းကို ရှုံးထားသလို အာဆင်နယ်ကိုလဲ ဂိုးပြတ်ရှုံးထားပါတယ်။ စပါးအသင်းခံစစ်ကအမှားတွေလည်း များနေပါတယ်။ ဖရန့်ဖတ်ကတော့ ၃ ပွဲဆက်နိုင်ထားပြီး ခြေစွမ်းတက်နေပါတယ်။ ဖရန့်ဖတ် စပါးကို သရေအနိမ့်ဆုံးကန်နိုင်မှာပါ။ ဖရန့်ဖတ်ပဲရွေးတာအကောင်းဆုံးပါ။
ရွေးချယ်မှု – ဖရန့်ဖတ်
…….
လီဗာပူး – ရိန်းဂျား
လီဗာပူးကတစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ရထားပြီး ရိန်းဂျားကတော့ ၂ ပွဲကစား ၂ပွဲရှုံး ခံစစ်က ပေးဂိုး ၇ ဂိုးအထိပေးထားရသလို တိုက်စစ်ကလည်း တစ်ဂိုးမှမရသေးပါဘူး။လီဗာပူးကတော့ ခံစစ်က အမှားများနေပြီး ခြေစွမ်းပိုင်းက ကျဆင်းနေပါတယ်။ နောက်တဆင့်တက်ဖို့အတွက် အားနည်းပြီး ညံ့ဖျင်းနေတဲ့ ရိန်းဂျားကို လီဗာပူး ဂိုးပြတ်ဆော်မှာဖြစ်ပါတယ်။
ရွေးချယ်မှု – လီဗာပူး
……..