TNLA ထုတ်ပြန်ချက်မှာ ရဲစခန်းတိုက်ခိုက်ခံရတာကို လိမ်လည်ဖုံးကွယ်ထားပြီး သေဆုံးနေတဲ့ လက်နက်ကိုင်ပုံကိုလည်း ချက်ချင်းပြန်ဖျက်ကာ ဒေသခံများသေခဲ့ဟုပါ လိမ်ညာ

၂၀. ၂. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်ကစ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းခံနေရတဲ့ TNLA ဟာ တရုတ်အစိုးရညှိနှိုင်းမှုအရ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ SAC အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးချိန် အဆင်မပြေလုပ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၉ ရက် ညမှာပဲ TNLA နယ်မြေလုယက်သိမ်းယူထားရာ နောင်ချိုရဲစခန်းနဲ့ ဆေးရုံကို ဗုံးကြဲလို့ သုံးယောက်သေပြီး လေးယောက်ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို TNLA ရဲ့ မီဒီယာက နောင်ချိုဆေးရုံနဲ့ ရဲစခန်းကို ဗုံးနှစ်လုံးကြဲသွားတာလို့ အဦးဆုံးဖော်ပြခဲ့ပေမဲ့ TNLA ကတော့ ရဲစခန်းဗုံးကြဲခံရမှု ဖုံးကွယ်ပြီး ဆေးရုံကိုပဲ ဖေဖော်ဝါရီလ ၁၉ ရက် ည ၈၁ နာရီ ၁၃ မိနစ်အချိန်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ လိမ်လည် ဖုံးကွယ်ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်မှာ နေထိုင်သူက (၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို TNLA အမှုထမ်းတွေနဲ့ လည်ပတ်နေတဲ့ ဆေးရုံလည်း ဗုံးကြောင့် (၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ရာမှာ ကနဦးမှာ လက်နက်ကိုင်လို့ ယူဆရတဲ့ သက်လတ်ပိုင်းအရွယ် ဘောင်းဘီတိုဝတ်လူတစ်ဦးသေဆုံးနေတဲ့ပုံ၊ အခန်းတစ်ခုပျက်စီးနေပုံနဲ့ တိုက်လေယာဥ်ပုံ စတဲ့ ပုံသုံးပုံကို PSLF/TNLA သတင်းပြန်ကြားရေးက ထုတ်ပြန်လာခဲ့ပြီး ဒီသုံးပုံထဲမှာ ပါဝင်ခဲ့တဲ့ ဘောင်းဘီအတိုပဲဝတ်ထားသူတစ်ယောက် သေဆုံးနေပုံကို ချက်ချင်းဆိုသလို ဖြုတ်ချသွားတာလည်း တွေ့မြင်လိုက်ရပါတယ်။