၁၆. ၁. ၂၀၂၃
Written by Nay Aung
အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဌာနတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ရက် ညနေပိုင်းက အိန္ဒိယနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ကို စီးနင်းရှာဖွေချိန်အတွင်း မြန်မာနိုင်ငံသားနှစ်ဦးနှင့်အတူ ဒီတိုနေတာ အချောင်းပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါပူးပေါင်းအဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ သတင်းပေးထံမှ သတင်းရပြီးနောက် မီဇိုရမ်ပြည်နယ် Champhai ဒေသတွင် စီးနင်းရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ဒီတိုနေတာအချောင်းပေါင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး အဆိုပါဒီတိုနေတာများကို ပိုင်ဆိုင်သော မြန်မာနိုင်ငံသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ထို့အပြင် အဆိုပါပူးပေါင်းအဖွဲ့သည် မြန်မာနိုင်ငံသားနှစ်ဦးကို ဒီတိုနေတာများနှင့်အတူ ဖမ်းမိပြီးနောက် မကြာမီ Champhai ဒေသတွင် စီးနင်းရှာဖွေမှုများ ထပ်မံလုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦးကို ဆေးခြောက် ၆ ဒသမ ၃၅ ဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။
အာသံရိုင်ဖယ်တပ်ရင်းက ၎င်းတို့၏ ပူးပေါင်းအဖွဲ့သည် Champhai ဒေသရှိ ဇိုတီကျေးရွာအနီးတွင် ထပ်မံစီးနင်းရှာဖွေခဲ့ရာ ဆေးခြောက်များကို ဖမ်းဆီးရမိခဲ့သလို ဆေးခြောက်များ၏ ပိုင်ရှင်နှစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အိန္ဒိယရဲတပ်ဖွဲ့သည် ဖမ်းမိသော မြန်မာနိုင်ငံသားများကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်နေသော်လည်း သတင်းထပ်မံထုတ်ပြန်မှုမပြုသေးချေ။
ref hindustantimes