၁၆. ၁. ၂၀၂၃
Written By Thandar
နှုတ်ခမ်းနီမလေးတွေ သဘောကျကြတဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့်ကတော့ အရင်ပုံစံ ခန္ဓာကိုယ်နဲ့ မတူတော့ဘဲ ကောင်မလေးတွေပိုကြိုက်ချင်အောင် အပြောင်းအလဲလုပ်ထားတယ်လို့ ပြောပါတယ်။
“ကျွန်တော့် အရင်ခန္ဓာကိုယ်ပုံစံကို ပရိသတ်တွေ ရိုးသွားမယ်လို့ထင်တယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အရင်ပုံစံနဲ့ မတူအောင် ပြောင်းလဲလိုက်တာပါ။ အမြဲတမ်းပြောင်းချင်တဲ့သူမို့ နည်းနည်း Changed လုပ်လိုက်တာပါ။ အခုခန္ဓာကိုယ်ပုံစံကတော့ ကောင်မလေးတွေ ပိုကြိုက်ကြမယ်ထင်တယ်။ အဓိကအရင်ပုံစံနဲ့ မတူတော့ အပြောင်းအလဲဖြစ်သွားတော့ ပိုကြိုက်ချင်စရာလေးဖြစ်သွားတာပေါ့။ အမြဲတမ်းပဲ လူကြီးပဲ ဖြစ်ချင်တယ်။ အိမ်မှာ အငယ်ဆုံးမို့လား မသိဘူး။ တစ်သက်လုံးလည်း လူကြီးတွေ စကားပဲ နားထောင်နေရတယ်။ ကိုယ့်ရဲ့ Type က ကိုယ့်ကပဲဦးဆောင်ချင်ပြီးတော့ ကိုယ့်စကားပဲ နားထောင်စေချင်တာ။ ကိုယ့်ထက်ကြီးသူဆိုလည်း ကိုယ့်ကပဲ အကြီးဖြစ်ချင်တာပါ။ ကိုယ်တိုင်ပဲ ဦးဆောင်နိုင်သူဖြစ်ချင်တာပါ”လို့ ဗညားဘုန်းပြည့်က ပြောပါတယ်။
သူကတော့ လက်ရှိ AGE Creative က စီစဥ်ထားတဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ“ရင်ခုန်သံ FM” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အောင်မင်းခန့် ၊ လီလီ ကျော်ခိုင် ၊ မေသစ်လွင် (Wyne Wyne) တို့နဲ့အတူ ဗညား ဘုန်းပြည့်က FM တစ်ခုက ဝန်ထမ်းအသစ် ဘုန်းခန့်သော်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။
“ဒီကားမှာတော့ အရင်ရိုက်နေကျပုံစံမျိုးမဟုတ်ဘူး။ ဒီထဲမှာက ဒရာမာပုံစံမဟုတ်လို့ ပေါ့ပေါ့ပါးပါးပဲ သရုပ်ဆောင်ရမယ်။ အပြင်က ဗညားဘုန်းပြည့်လိုပဲ အေးအေးဆေးဆေးလေးနဲ့ ကောင်မလေးကို အရမ်းချစ်တဲ့ ပုံစံမျိုးဖြစ်တယ်။ ထွေထွေထူးထူးပြောင်းလဲရတာ မရှိပါဘူး။ အရင်ကတော့ ဆိုးဆိုးဝါးဝါးပြောင်းလဲရတာ ရှိတယ်။ အမှန်အတိုင်းပြောရရင် စိန်ခေါ်မူတွေ လုပ်ဆောင်ရတဲ့ ကာရိုက်တာတွေကို ပိုကြိုက်ပါတယ်။ ရိုးရိုးရိုက်ရတာက အရမ်းရင်ခုန်ချင်စရာမကောင်းဘူးပေါ့။ ကိုယ်နဲ့ မတူတဲ့ပုံစံကို Challenge လုပ်ရတာ ပိုသဘောကျပါတယ်။ Challenge က ဘယ်လောက်ပဲ ပင်ပန်းပါစေ။ ကိုယ်တိုင်ကြိုက်ပါတယ်”လို့ သူကဆက်ပြောပါတယ်။