
MT News
၁၆. ၂. ၂၀၂၅
လှိုင်မြို့နယ်က ဘာဒါစျေးမှာ ဒီည အခုအချိန် မီး အကြီးအကျယ်လောင်နေပြီး Level -2 အဆင့် ငြှိမ်းသတ်နေရတယ်လို့ ကနဦး သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၆ ရက်အကူး ဒီည ၁၂ နာရီ ၁၁ မိနစ်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာဒါဈေးမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ လှိုင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ရာမှာ မီးအားပြင်းတာကြောင့် သုံးမိနစ်အကြာမှာပဲ Level 1 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရသလို နောက်ထပ် ၂ မိနစ်အကြာမှာ Level 2 ယာဉ်အုပ်စုထွက်ခွာ ငြှိိမ်းသတ်ခဲ့ရပြီး ည ၁၂ နာရီ ၄၈ မိနစ်ကြမှ မီးထိန်းနိုင်ခဲ့သလို ည ၁ နာရီ ၁ မိနစ်မှ မီးငြိမ်းတဲ့အဆင့်ရောက်ခဲ့တာပါ။
မီးလောင်မှုက အရမ်းများပြားပြီး လောင်ကျွမ်းမှုကို တစ်နာရီနီးပါးကြာ ထိန်းခဲ့ရသလို လက်ရှိအချိန်ထိလည်း အပြီးသတ် ငြှိမ်းသတ်နေရဆဲအခြေအနေဖြစ်လို့ လောင်ကျွမ်းမှုအသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမယ်။