
၁၅. ၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
SAC ဒုဥက္ကဋ္ဌက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည် ပထမဆုရရှိသူများဖြစ်ကြသည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် မန္တလေးတိုင်းဒေသကြီး “Healthy & Happy” စားသောက်ကုန်လုပ်ငန်းမှ ဒေါ်မေနှင်းဝေ၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး “သံစဉ်နေလ” ပျားရည်သန့်စင်စက်ရုံမှ ဦးပြည့်ဖြိုးလှိုင်၊ အလတ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “သလ္လာဝတီ” ကုမ္ပဏီလီမိတက်မှ ဦးထူးဝေနှင့် ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု “အနော်ရထာ” ဆီစက်လုပ်ငန်းမှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြထုတ်ကုန် အထူးဆုရရှိသူ ၁၂ ဦး၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်အထူး ဆုရရှိသူ ၅ ဦးနှင့် အသေးစား(Micro) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ ၅ ဦး၊ အငယ်စား(Small) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ ၅ ဦးနှင့် အလတ်စား (Medium) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ ၅ ဦး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးဆု ရရှိကြသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တို့မှ ပြိုင်ပွဲဝင်များက ဆုများအသီးသီးရရှိခဲ့ကြသည်။
ထို့ပြင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးရရှိကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြ ထုတ်ကုန်ဆုရရှိသူ ၄ ဦးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည် တတိယဆုရရှိသူများဖြစ်ကြသည့် အသေးစား ထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “ဝိသာခါ” အမွေးတိုင်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးလုပ်ငန်းမှ ဒေါ်ဖြူဖြူဥ၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် မန္တလေးတိုင်းဒေသကြီး “HMG” မော်တော်ယာဉ်လေစစ်ဘူးလုပ်ငန်းမှ ဦးလှိုင်မိုး၊ အလတ်စားထုတ်ကုန်လုပ်ငန်းတွင် တနင်္သာရီတိုင်းဒေသကြီး “မြန်မာအတ္တလန်တစ်” ကုမ္ပဏီလီမိတက်မှ ဦးစိုးမိုးနိုင်၊ သမဝါယမ အသင်းစွမ်းဆောင်ရည်ဆုရရှိသည့် ပြည်ထောင်စု နယ်မြေနေပြည်တော် “သားတင်ဦး” အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ တာဝန်ရှိသူတို့က ဆုများအသီးသီးရရှိခဲ့ကြသည်။




အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမ အသင်းစွမ်းဆောင်ရည် ဒုတိယဆုရရှိကြသူများဖြစ်သည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် ဧရာဝတီတိုင်းဒေသကြီး “M-Treasure” ကွမ်းသီးဖက်ထုတ်ကုန်လုပ်ငန်းမှ ဒေါ်မာလာစန်း၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “MG Myanmar Gasket” အမျိုးမျိုးထုတ်ကုန်လုပ်ငန်းမှ ဦးဇင်မျိုးထိုက်၊ အလတ်စားစီးပွားရေးလုပ်ငန်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် “မြန်မာရွှေသစ်သီးဝလံ” ကုမ္ပဏီလီမိတက်မှ ဒေါ်လဲ့လဲ့ဦးနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ “သီရိစန္ဒာ” အထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများအား သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများအပါအဝင် ပြခန်းစုစုပေါင်း ၉၆ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစား ၇ ဆု၊ ဆုပေါင်း ၆၃ ဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု(Digital Transformation)ကို လက်တွေ့ ကျကျဆောင်ရွက်သည့်အနေဖြင့် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေသားဆု စုစုပေါင်း ကျပ်သိန်း ၇၅၀ အားပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ ငွေသားဆုများအား ချီးမြှင့်သူက Digital Payment System ဖြင့် ငွေလွှဲပို့ချီးမြှင့်ခြင်းဖြစ်ကာ ဆုချီးမြှင့်ခံရသူအသီးသီး၏ E-Banking Account မှတစ်ဆင့် ချီးမြှင့်ငွေအသီးသီးကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။