
ပုံစာ။ ယမန်နေ့တွင် BGF က ထိုင်းအစိုးရသို့ လူကုန်ကူးခံရသူ ၂၆၀ ကို လွှဲပြောင်းနေမှု မြင်ကွင်း
၁၃.၂.၂၀၂၅
Written by Shwe Phyo
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGF)အနေဖြင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူ အနည်းဆုံး ၇၀၀၀ ကို ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။



မြန်မာနယ်ခြားစောင့်တပ်ဖွဲ့သည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ကျားဖြန့် ဂိုဏ်းများကို ဖြိုခွင်းမည်ဖြစ်ပြီး အရေးယူအပြစ်ပေးနိုင်ရန် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ကတိပြုထားသည်။
ထိုင်းနှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့်လိမ်လည့်နေသည့် ဂိုဏ်းများလက်ထဲတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၆၁ ဦးကို မိခင်နိုင်ငံသို့ပြန်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။




ထိုင်းအစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများထံမှ ပြန်လွတ်မြောက်လာသူများကို ပြန်ပို့နိုင်ရန် သက်ဆိုင်ရာမိခင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးကပြောသည်။
မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲပိတ်မိနေသူများကို မိခင်နိုင်ငံထံ ပြန်ပို့နိုင်ရန်အတွက် အင်ဒိုနီးရှား၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံများ၊ ဥရောပ တိုက်နိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများ၏ သံရုံးများနှင့် တိုက်ရိုက်ဆက်သွယ်နေကြောင်း၊ ပြန် လည်လွတ်မြောက်လာသူများကို မည့်သည့်နိုင်ငံသားဖြစ်သည်ဆိုသည့်အချက်ကို ခွဲခြားပြီး ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မပြုဘဲ သက်ဆိုင်ရာမိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ချက်ချင်းပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့(BGF) သည် မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်နေသည့် ဂိုဏ်းများကို ဖြိုခွင်းပေးမည်ဟု ကတိပြုထားပြီး မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်များလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူ ဦးရေက ခန့်မှန်းခြေ အနည်းဆုံး ၁ သောင်းခန့်ရှိနေကြောင်း ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့က ဖမ်းဝရမ်းထုတ်မည်ဟု သတင်းများထွက်ပေါ်နေသည့် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် (BGF)အဖွဲ့၏ တပ်မှူးများ အစည်းအဝေးလုပ်ဆောင်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုဂိုဏ်များလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူများကို မိခင်နိုင်ငံထံ ပြန်ပို့ရန် ထိုင်းနိုင်ငံကို ပြန်ပို့ရန်နှင့် အွန်လိုင်းလိမ်လည်မှုဂိုဏ်များတွင် ပါဝင်လုပ်ကိုင်ခဲ့သူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းရန် ကတိပြုခဲ့ကြောင်း သိရသည်။
BGF အဖွဲ့သည် အွန်လိုင်းလိမ်လည်မှုဂိုဏ်များလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူများကို တစ်ရက်ကို ၅၀၀ နှုန်းဖြင့် ရက်ပေါင်း ၂၀ ကြာ ထိုင်းနှင့်မြန်မာ အမှတ် (၂)ချစ်ကြည်ရေးတံတားမှ လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။
BGF အဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်ပြီး အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို ကတိအတိုင်း စတင်ဖြိုခွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
REf Thainews