
၁၁.၂. ၂၀၂၅
Written by MMAK
မန်စီးတီး Vs ရီးရဲမက်ဒရစ်
ချန်ပီယံလိဂ်မှာ အဆင့်ကိုးကနေ အဆင့်နှစ်ဆယ့်လေးအတွင်း ရရှိခဲ့တဲ့အသင်းတွေက Play-off ကစားရမှာဖြစ်ပြီး အခုအဆင့်မှာတင် မန်စီးတီးနဲ့ ရီးရဲမက်ဒရစ်တို့လို့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့နေတာကြောင့် တစ်သင်းသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ သေချာပေါက် နုတ်ထွက်ရတော့မှာ ဖြစ်ပါတယ်။ အိမ်ကွင်း အဝေးကွင်းနှစ်ကျော့ကစားရမှာဖြစ်ပြီး အခုပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေးက သုံးလုံးငါးဆယ်အရှုံးပေါက်ပါတယ်။ ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အသစ်ခေါ်ထားတဲ့ ပေါ်တိုကွင်းလယ်လူ ဂွန်ဇာလက်ကပါ ဒဏ်ရာထပ်ရသွားတာကြောင့် မန်စီးအသင်းရဲ့ ကွင်းလယ်နဲ့နောက်တန်းက အားနည်းချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ အမ်ဘာပေနဲ့ ဗီနီးစီးယက်တို့ ဦးဆောင်လာမဲ့ ရီးရဲတိုက်စစ်ကို မန်စီးတီးခံစစ်က သေချာပေါက် ဂိုးပေးရနိုင်သလို ဂိုးပေါင်းကြေးကလည်း ရီးရဲအသင်း ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ရီးရဲအသင်း တစ်ဂိုး ရသွားရင် မန်စီးတီးအသင်း ကြေးအောင်ဖို့ နှစ်ဂိုးသွင်းရမှာ ဖြစ်သလို ရီးရဲအသင်းနှစ်ဂိုးရသွားရင် မန်စီးတီးအသင်း သုံးဂိုးသွင်းမှ ကြေးအောင်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲတိုက်စစ်က နှစ်ဂိုးလောက် ရသွားနိုင်တယ်လို့ ယူဆထားပြီး မန်စီးတီးအသင်းက သုံးဂိုးလောက်ထိ ပြန်မသွင်းနိုင်ဘူးလို့ ယူဆထားတဲ့အတွက် အခုပွဲစဥ်မှာ သရေကျရင် ကြေးအပြည့်ရမဲ့ အောက်အသင်းရီးရဲမက်ဒရစ် ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

ဘရဂ် Vs PSG
ပြင်သစ်ကလပ်အချင်းချင်း တွေ့ဆုံနေတာဖြစ်သလို PSG အသင်းအတွက် ဘရဂ်အသင်းဆိုတာ ငယ်နိုင်အသင်းတစ်သင်း ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အကြိမ်နှစ်ဆယ်မှာ ဆယ့်ရှစ်ပွဲအထိ PSG အသင်းက အနိုင်ရထားပြီး နှစ်ပွဲသရေ ဖြစ်ထားတာကြောင့် ဘရဂ်အသင်းက နိုင်ပွဲလုံးဝ မရထားပါဘူး။ ဒီအတွက်ကြောင့် အဝေးကွင်းလာကစားရမဲ့ PSG အသင်းက ဘော်ဒီကြေး တစ်လုံးအရှုံးထိ ပေးထားတာ တွေ့ရပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ အခုလမှာတင် ပြင်သစ်လိဂ်မှာ ထိပ်တိုက်တွေ့ထားပြီး အဝေးကွင်းကစားရတဲ့ PSG အသင်းက ငါးဂိုးနှစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားပါတယ်။ ပြည်တွင်းလိဂ်မှာ ဖလားစုံရနေတဲ့ PSG အသင်းရဲ့ အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဖလား ဖြစ်တာကြောင့် အခုပွဲစဥ်မှာ အထူးအာရုံစိုက် ကစားလာမှာ သေချာပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့မှာ နာပိုလီတောင်ပံကစားသမား ကာဗတ်စခါလီယာလို အရည်အသွေးမြင့် ကစားသမားတစ်ယောက်ကို အားဖြည့်ထားခဲ့သလို အူစမန်ဒမ်ဘီလီကပါ ထူးရှယ်ခြေစွမ်းတွေ ပြသနေတာကြောင့် ဒီပွဲမှာ PSG အသင်း အနိုင်ရဦးမှာပါ။ တစ်ဂိုးနဲ့ ကပ်နိုင်ရင် ကြေးရှုံးမှာ ဖြစ်ပေမဲ့ PSG အသင်းရဲ့တိုက်စစ်ကို ယုံကြည်တာကြောင့် နှစ်ဂိုးပြတ်မယ်လို့ ယူဆထားပြီး PSG ဘော်ဒီကို ရွေးချယ်ပေးချင်သလို ဂိုးပေါ်ကိုပါ အနည်းငယ် ထပ်ကစားသင့်ပါတယ်။

ဂျူဗင်တပ် Vs PSV
နယ်သာလန်ကလပ် PSV အသင်းက အသင်းကောင်းတစ်သင်း ဖြစ်ပေမဲ့ ဂျူဗင်တပ်အသင်းနဲ့ယှဥ်ရင်တော့ တစ်ဆင့်နိမ့်ပါသေးတယ်။ ဒီနှစ် ချန်ပီယံလိဂ် ပွဲစဥ်တွေ ကစားခဲ့တုန်းကတောင် ထိပ်တိုက်တွေ့ဆုံးထားပြီး အိမ်ရှင်ဂျူဗင်တပ်အသင်းက သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နှစ်ကျော့ကစားရမှာ ဖြစ်တဲ့အတွက် ဂျူဗင်တပ်အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင်ရထားဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာ ဂျုဗင်တပ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ PSV အသင်းအနေနဲ့ အဝေးကွင်းမှာ တိုက်စစ်ဖွင့်ကစားလာမှာ မဟုတ်ဘဲ ခံစစ်ပိတ်ကစားတာမျိုး ဘောလုံးကိုင်ပြီး ထိန်းကစားလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းက ခံစစ်ကောင်းတာ ဖြစ်တဲ့အတွက် PSV အသင်း တစ်ဂိုးရဖို့တောင် ခက်ခဲတယ်လို့ ယူဆထားပြီး ဂျူဗင်တပ်အသင်းက ကပ်ပြီးတော့ အနိုင်ရသွားမျိုး ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်ဘော်ဒီကို ရွေးချယ်ရမှာ ဖြစ်ပြီး ဂိုးပေါင်းကြေး ပြင်းရှနေပေမဲ့ လေးဂိုးမရောက်နိုင်ဘူးလို့ ယူဆထားတဲ့အတွက် ပြားငါးဆယ်ရင်းပြီး ဂိုးအောက်ကိုလည်း ထပ်ကြိုက်ပါတယ်။ ဒီပွဲစဥ်မှာ အထက်အသင်းဖြစ်တဲ့ ဂျူဗင်တပ်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

စပို့တင်း Vs ဒေါ့မွန်
ဒီရာသီမှာ ဒေါ့မွန်အသင်း ခြေစွမ်းအကျဘက်ကို ရောက်နေပြီး နည်းပြအပြောင်းအလဲတွေ လုပ်ထားရသလို ရုန်းကန်နေရတာမျိုး တွေ့ရပါတယ်။ စပို့တင်းအသင်းက ခြေစွမ်းကောင်းတဲ့အသင်းတစ်သင်း ဖြစ်ပြီး ဒီရာသီမှာ တော်တော်လေး တိုးတက်လာတဲ့ အနေအထားမျိုးတွေ့ရပါတယ်။ အိမ်ရှင်စပို့တင်းအသင်းအနေနဲ့ ဒေါ့မွန်အသင်းကို ကောင်းကောင်းယှဥ်ကစားနိုင်သလို နှစ်ကျော့ကစားရမဲ့ အခုပွဲစဥ်မှာ အိမ်ရှင်အသင်းကို ရွေးရမှာပါ။ ဒီပွဲမှာ အိမ်ရှင်စပို့တင်းအသင်းက ပြားသုံးဆယ်အရှုံးလောက် ကြေးကြောပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအပြည့်စား ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရမ်းပျော့နေတာမျိုး တွေ့ရပြီး ဂိုးတွေအများကြီး မြင်ရဖို့ မလွယ်ကူဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဒေါ့မွန်အသင်းရဲ့ ခံစစ်ကို လုံးဝသဘောမကျဘဲ ပေးဂိုးအရမ်းများနေသလို ဒေါ့မွန်အသင်းက ခံစစ်မကစားတတ်တဲ့အသင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒုတိယအကျော့မှာ ကစားရမဲ့ ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းပွဲက စပို့တင်းအသင်းအတွက် ခက်ခဲနိုင်တာကြောင့် အခု သူတို့အိမ်ကွင်းမှာ သေချာပေါက် အနိုင်ရအောင် ကစားမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်စပို့တင်းဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ်။
အိပ်စတာ Vs နော်တင်ဟန်ဖောရက်
အင်္ဂလန် FA ဖလား ပွဲကျန်တစ်ပွဲဖြစ်ပြီး အနိုင်ရတဲ့အသင်းက ၁၆ သင်းအဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အိပ်စတာအသင်းက League One အဆင့်မှာတောင် ရုန်းကန်နေရတာကြောင့် ဖောရက်အသင်းပဲ နောက်တစ်ဆင့်တက်မယ်လို့ ထင်ပါတယ်။ သို့ပေမဲ့ နှစ်ဂိုးသွင်းမှ ပြားငါးဆယ်ပဲ အနိုင်ရမှာ ဖြစ်သလို ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ ပေါက်ကြေးမှာ ဖောရက်အသင်း ဂိုးတွေအများကြီး မသွင်းဘူးဆိုတာ သေချာပါတယ်။ ဖောရက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဥရောပဝင်ခွင့်တစ်နေရာရဖို့ အာရုံစိုက်လာနိုင်တာကြောင့် အရန်ကစားသမားတွေနဲ့ ပွဲထွက်လာနိုင်ပြီး တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားတာမျိုး ဖြစ်နိုင်သလို အချိန်ပိုမှ အနိုင်ရသွားမျိုးလည်း ဖြစ်နိုင်ပါတယ်။ FA ဖလားပွဲစဥ်မှာ အသင်းကြီးတွေ တော်တော်လေး အလုပ်လုပ်ခဲ့ပြီး လီဗာပူးအသင်းက ချန်ပီယံရှစ်မှာ ဇယားအောက်ဆုံးက အသင်းကို ရှုံးနိမ့်ခဲ့သလို မန်စီးတီးအသင်းက တစ်ဂိုးနဲ့ ကပ်နိုင်သွားတာမျိုးတွေ တွေ့ရပါတယ်။ ဒီပွဲမှာ အကြိုက်ဆုံးကတော့ ဂိုးအောက်ဖြစ်ပြီး ဖောရက်အသင်းဂိုးအများကြီး မရနိုင်သလို ခံစစ်ကစားလာမဲ့ အိပ်စတာအသင်းလည်း ဂိုးရဖို့ခက်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ကို ရွေးချယ်ပေးချင်သလို ဘော်ဒီအောက်ဖြစ်တဲ့ အိပ်စတာဘော်ဒီကိုပါ ထပ်မံရွေးချယ်ပေးချင်ပါတယ်။ အခုပွဲစဥ်မှာ အောက်စုံကစားမယ်ဆိုရင် နှစ်ခုလုံးမရှုံးနိုင်ဘူးလို့ ယူဆထားပြီး အနိုင်ရနိုင်ခြေ ပိုများပါတယ်။