
၁၁.၂.၂၀၂၅.
Translated by Htwe Ko Tun
ကမ္ဘာ့နိုင်ငံတွေက နည်းပညာဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်တွေ စုဝေးတွေ့ဆုံခဲ့ကြတဲ့ ဉာဏ်ရည်တုနည်းပညာ(AI)ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာကျင်းပခဲ့ရာမှာ ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်က ပြင်သစ်နဲ့ ဥရောပတိုက်တို့မှာ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ နှောင့်နှေးခြင်းအတွက် မဟာဗျူဟာတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၀ ရက်က တောင်းဆိုခဲ့ပေမယ့် နည်းပညာရဲ့ဘေးအန္တရာယ်တွေကို ထောက်ပြတဲ့ တန်ပြန်ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
အင်တာနက်မှာ စကားပြောဆိုမှုတွေပြုလုပ်နိုင်မယ့် Chatbots အစီအစဉ်ကို ရုံးတွေနဲ့ကျောင်းတွေမှာ အသုံးပြုကြတာက အလုပ်အကိုင်နဲ့ အတတ်ပညာတွေကို ထိခိုက်ပျက်စီးစေပြီး အသိပညာတွေရရှိရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကနေ တစ်ကီလိုမီတာအောက်သာကွာတဲ့ Champs-Elysees ပန်းခြံမှာရှိတဲ့ Theatre de la Concorde ဇတ်ရုံမှာ စုဝေးရောက်ရှိနေတဲ့ သမဂ္ဂကိုယ်စားလှယ်တွေက တုံ့ပြန်ပြောခဲ့ကြပါတယ်။
အလုပ်လက်မဲ့တွေအတွက် ရည်စူးဖွဲ့စည်းထားတဲ့ CGT အလုပ်သမားသမဂ္ဂမှ Sandrine Larizza က ChatGPT တို့ရောက်ရှိလာအပြီးမှာ သူ့ရဲ့အလုပ်ပျောက်ကွယ်ပြီး အလုပ်လက်မဲ့ဖြစ်မသွားစေဖို့ ရုန်းကန်နေရတာ ဆယ်နှစ်ရှိပါပြီလို့ ပြောခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်လာတာကြောင့် သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေလျှော့ချပြီး ပိုမိုမြန်ဆန်လာတာနဲ့အတူ အများပြည်သူဝန်ဆောင်မှုတွေမှာ အလိုအလျောက်စနစ်နဲ့ လုပ်လာတာက လူမှုရေးရာအခွင့်အရေးတွေ တစ်ဖက်မှာ ပျောက်ဆုံး ကုန်ရတယ်လို့ Sandrine Larizza က ရှုတ်ချခဲ့ပါတယ်။
ဉာဏ်ရည်တုနည်းပညာက လူမှုရေးရာ အခန်းကဏ္ဍမှာ လူသားတို့ရဲ့ စွမ်းဆောင်နိုင်အားတွေကို ဖျက်ဆီးပစ်တာပဲလို့လည်း သမဂ္ဂကိုယ်စားလှယ်တွေက ပြောခဲ့ကြပါတယ်။
အခုအခါ ဉာဏ်ရည်တုနည်းပညာကို ကျောင်းသားများကပါ စိတ်ဝင်စားလာကြတာမှာ ကျောင်းသား ၁၂ သန်းခန့်က အသုံးပြုနေကြတယ် ဆိုပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် ညံ့ဖျင်းတဲ့ဆရာတွေ၊ ကျောင်းသားတွေအပေါ် ထိန်းချုပ်မှုနဲ့ လေ့လာမှုအရည်အသွေးတွေကျဆင်းမှာကို စိုးရိမ်နေတဲ့ဆရာတွေ၊ ယုံကြည်မှုကင်းမဲ့သူတွေနဲ့ တခြားဦးစားပေးရမယ့်အရာအားလုံးအတွက် ဒေါသဖြစ်နေသူတွေ ပေါ်ပေါက် လာတယ်လို့ သမဂ္ဂကိုယ်စားလှယ်တွေက ပြောကြပါတယ်။
ဒါကြောင့်လည်း ဉာဏ်ရည်တုနည်းပညာ တိုးတက်လာစေဖို့ နိုင်ငံ့ခေါင်းဆောင်တွေက လိုလား ဆောင်ရွက်နေကြချိန်မှာပဲ ဉာဏ်ရည်တုနည်းပညာက လူသားတို့ကို အလုပ်လက်မဲ့တွေဖြစ်ကာ အရည်အသွေးတွေကျဆင်းနိုင်တာကြောင့်ဆိုကာ ဆန့်ကျင်သူတွေကိုပါ တစ်ပြိုင်တည်း တွေ့လာရတာပါပဲ။
Ref- VOA