MT News
Written by Nay Aung
တရုတ် – မြန်မာ ကုန်သွယ်ရေးအတွက် အဓိက နယ်စပ်စစ်ဆေးရေးဂိတ်ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်ကာလအတန်ကြာ ပိတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်တွင်တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရှမ်းပြည်နယ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များထဲမှ တစ်ခုကို ဇန်နဝါရီ ၁၄ ရက်တွင်ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကုန်ကား ၆ စင်းသည် မန့်ဝမ်ဂိတ်ကို ဖြတ်သန်းသွားလာခြင်းများရှိခဲ့ကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းက ဆိုသည်။
“တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အစားစာနဲ့ အရည်တွေကို တင်ပို့ဖို့ ခွင့်ပြုခဲ့တယ်” ဟု ၎င်းကဆိုသည်။
သို့သော်လည်း ဆန်၊ ဆန်ကွဲ၊ ပဲနှင့် ဖရဲသီးအပါအဝင် စီးပွားရေးအတွက် အဓိကကျသော ကုန်စည်များကိုတင်ပို့ရန်တရုတ်ဘက်က ခွင့်ပြုပေးခြင်းမျိုးမရှိကြောင်းလည်းယင်းက ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ စက်မှုသုံးပစ္စည်းများ၊ လျှပ်စစ်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါး၊ အစားစာနှင့် အိမ်ထောင်သုံး ပစ္စည်းများ တင်ပို့လျက်ရှိနေလူဖြတ်သန်းခွင့်မပြုသေးကြောင်းလည်း သိရသည်။
ref. thestandard.com.hk