
၁၀. ၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်ပွဲအခမ်းအနားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

SAC ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် MSME ထုတ်ကုန်ပြခန်း၊ ကချင် ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကယား ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကရင် ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ချင်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ တနင်္သာရီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မကွေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မွန်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရန်ကုန်တိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ဧရာဝတီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်းတို့အား ပြခန်းတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုပြီး ထုတ်ကုန်များအလိုက် မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ကုန်ပြခန်း၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်း (Business Matching Hall ) ၊ မြန်မာနိုင်ငံဘဏ်များအသင်းပြခန်း၊ Digital Corner နည်းပညာပြခန်း၊ မြန်မာစီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် MSME ထုတ်ကုန်များပြခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MSME ထုတ်ကုန်များ ပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ပြခန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းပြခန်း တို့အား ပြခန်းတစ်ခုချင်းစီအလိုက်စိတ်ပါဝင်စားစွာဖြင့်လိုက်လံကြည့်ရှု အားပေးပြီး အသေးစား စက်မှုလက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြခန်းစုစုပေါင်း ၉၆ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့်အပြင် ထုတ်ကုန်ပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးအတွက် လုပ်ငန်းရှင် ၁၉၃ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုအမျိုးအစားပေါင်း ၃၁ မျိုးအပေါ် Digital Trophy ၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။