
၁၀.၂. ၂၀၂၅
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူထားပြီး စစ်တိုက်ဖို့ငွေရှာနေတဲ့ မိုးကုတ်က ကျောက်လုပ်ကွက်တစ်ခုကို ဒီမနက်မှာ လေကြောင်းတိုက်ခိုက်လိုက်လို့ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြားနေတယ်လို့ ကနဦးသိရပါတယ်။
TNLA က တိုက်ခိုက်သိမ်းယူပြီး တပ်မဟာ (၂) နယ်မြေလုပ်ဆောင်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က ဝင်းထရံကျောက်လုပ်ကွက်ကို ဒီနေ့မနက် ၁ နာရီအချိန်မှ လေကြောင်းနဲ့ ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ TNLA ကလည်း အခုပဲ အတည်ပြုထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ Y 12 လေယာဥ်နဲ့ ၇ ကြိမ်ခန့်တိုက်ခိုက်ပြီး ဗုံးအလုံးရေ ၂၀ ကျော်ကြဲချပြီး လူ ၄ ဦးသေဆုံးသလို လူ ၂၀ ခန့် ဒဏ်ရာရတယ်လို့လည်း TNLA ထိန်းချုပ်မီဒီယာတွေနဲ့ သူ့ထောက်ခံတဲ့မီဒီယာတချို့ဖော်ပြမှုအရ သိရပါတယ်။

TNLA လက်နက်ကိုင်တွေ စစ်ပွဲဆက်လက်ဆင်နွှဲဖို့ ငွေရှာဖွေရှာ ကျောက်မျက်လုပ်ကွက်ကို တိုက်ခိုက်ခံရတာဖြစ်လို့ TNLA က ပုံတွေ၊ သေဆုံးမှုသတင်းတွေကို မထုတ်ပြန်ဘဲ ထိခိုက်မှုအခြေအနေကို နောက်ပိုင်းမှ ဖော်ပြပါမည်လို့ဘဲ ရေးသားထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးနှစ်ခုနဲ့ အစပြုပြီး မြို့ ၉၀ ကျော်သိမ်းယူထားတဲ့ MNDAA ၊ TNLA ၊ AA နဲ့ PDF အပါအဝင် အခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကို တုံ့ပြန်တော့မှာဖြစ်လို့ ပြည်သူကို လူသားဒိုင်းလို အကာအကွယ်ယူနေတဲ့ အကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ အစိုးရက မနှစ်က စက်တင်ဘာလဆန်းကအစ သတိပေးထားသလို နိုင်ငံပိုင်မီဒီယာတွေကလည်း နေ့စဥ်သတိပေးနေပေမဲ့ ဒီ သတိပေးချက်ကို လျစ်လျူရှုကြတာကြောင့် လက်နက်ကိုင်တွေအပြင် အကြမ်းဖက်အဖွဲ့အစည်းတွေအနီး လူသားဒိုင်းဖြစ်နေသူတွေလည်း သေဆုံးရမှုအချို့ရှိနေသလို အကြမ်းဖက်အဖွဲ့တွေကလည်း လက်နက်ကိုင်တွေသေဆုံးရင်တောင် ပြည်သူသေဆုံးတယ်လို့ပဲ လိမ်လည်ထုတ်ပြန်ကြပါတယ်။
Photo / Shwe Phee Myay News Agency