
၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီခွဲကစ နေပြည်တော်ရှိ MICC – 1 ကျောက်စိမ်းခန်းမမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာမှာ အကယ် ဒမီထူးချွန်ဆုကို ဆုပေါင်း ၁၆ ဆုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို မင်းသားကြီး ကြည်စိုး၊ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီ ဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ကောင်းဇံ (ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ဓီရာမိုရ် (အိပ်မက်ကာရန်ရုပ်ရှင်ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်အသံဆု အောင်မျိုးမြတ်နဲ့ ရဲဝင်း (မီးရုပ်ရှင်ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု အာကာကျော် (နှောင် ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု အေးသီရိကို (တိမ်ပန်းချီဇာတ်ကား ) ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု Taurus V ရုပ်ရှင်ထုတ်လုပ်ရေးက (ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်) ၊ အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အထူးဆု) နှောင်ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ကပ် မလုံလုံ (လင်္ကာဒီပ)တို့ကို ဆုပေးအပ်ခဲ့ပါတယ်။
ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ “ Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု အကယ်ဒမီ ရန်အောင်၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုအကြီးတန်းဆု စိုးမိုးကြည်၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု ထက်အောင်ရှိုင်းနဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆု နန်းဆုရတီစိုး တို့ကို ဆုတံဆိပ်တွေနဲ့ ကျပ်သိန်း ၃၀ အပြင် စိန်နန်းတော်က စိန်လက်စွပ်တွေကို ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။





အဲဒီနောက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ဝင်းလွင်ထက် (အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကား)၊ အ ကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ခြူးလေး (ဘိုးတော်ကင်း ရုပ်ရှင်ဇာတ်ကား) ၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အေးချမ်းမောင် ( မီးရုပ်ရှင်ဇာတ်ကား) ၊ အကောင်းဆုံးအမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင်ဆု ဝတ်မှုန်ရွှေရည် (တိမ်ပန်းချီဇာတ်ကား) ၊ အကောင်းဆုံး အမျိုးသားရုပ်ရုပ်ဇာတ်ဆောင်ဆု နေတိုး ( နှောင်ရုပ်ရှင်ဇာတ်ကား)တို့ စသူတို့ကို ဆုပေါင်း ၁၆ ဆု ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲရဲ့ အကယ်ဒမီ ထူးချွန်ဆုမှာလည်း မြန်မာ့ရုပ်ရှင် အကယ်ဒမီ ရွှေစင်ကြယ် ၅ ကျပ်သားကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။