


၉.၂.၂၀၂၄
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီး ရုပ်ရှင်ဇာတ် ဆောင်ဆုကို ဝတ်မှုံရွှေရည်က တိမ်ပန်းချီဇာတ်ကားနဲ့ အကယ်ဒမီဆု ထပ်မံရရှိခဲ့ပါတယ်။
“နိုင်ငံတော်အကြီးအကဲများ အနုပညာဝါရင့်အနုပညာရှင်တွေ ကစ်ကို အားပေးနေကြတဲ့ပရိသတ်ကို ကျေး ဇူးတင်ပါတယ်။ နှစ်ဖက်မိဘတွေကိုလည်း ကျေးဇူးတင် ကန်တော့ပါတယ်။ ကစ် ၁၀ နှစ်နေမှ ပြန်ရလာတဲ့ဆုပါ။ တိမ်ပန်းချီရုပ်ရှင်ကို ကစ်ကို ယုံကြည်စွာလက်ခံပေးလို့လည်း ထုတ်လုပ်ရေးကို ကျေးဇူးတင်ပါတယ်။ ဒီကားမှာပါဝင်ပေးတဲ့ သရုပ်ဆောင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကစ်ကို မညည်းမညူလုပ်ပေးသူအားလုံးကို လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကစ် ဒီကားရိုက်ချိန်မှာ ကစ် အဖေဆုံးခဲ့ပါတယ်။ ဒီဆုက ကစ် အဖေအတွက် ကစ် အနုပညာပြန်လုပ်ပြီး ဆုရစေချင်ခဲ့တာ အဖေပါ။ ဒီဆုက အဖေ့အတွက်ပါ။ ကစ်ချစ်တဲ့အနုပညာအလုပ်တွေ နားလည် စွာလုပ်ခွင့်ပေးတဲ့ ကစ်အမျိုးသားကိုလည်း ကျေးဇူးတင်ပါတယ် ”လို့ အကယ်ဒမီဝတ်မှုံရွှေရည်က ပြောပါတယ်။
Brave Empire Production ရဲ့ တိမ်ပန်းချီ ရုပ်ရှင်ဇာတ်ကားကို ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကို တို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ အကယ်ဒမီဝတ်မှုံရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယုနဲ့ အနုပညာရှင်များစွာက အကောင်းဆုံး ပါဝင်သရုပ် ဆောင်ထားကြပါတယ်။
မင်းသမီး ဝတ်မှုန်ရွှေရည်က ၂၀၁၃ ခုနှစ်က “နင်စေရင်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသ မီး ဇာတ်ဆောင်ဆု အကယ်ဒမီကိုရရှိထားပြီး ၂၀၁၄ ခုနှစ်မှာလည်း “နှလုံးသားဖြင့်ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည်အတွက်ကတော့ အခု ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဟာဆိုရင် ၁၀ နှစ်အကြာမှ ထပ်မံသိမ်းပိုက်ရရှိခဲ့တဲ့ ၃ ဆုမြောက် အကယ်ဒမီဆုလည်းဖြစ်ပါတယ်။